'

Featured Posts

ငွေလဲနူန်းတွေတွက်မယ်

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ကျွန်တော် ၏ Blogger ဆိုဒ်ကလေးပြုပြင်ဆဲကာလဖြစ်ပါသောကြောင့် လိုအပ်တာများ လုပ်မရသောအရာများ ရှိပါက sl.northerstar@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်...ခင်ဗျာ....
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, May 30, 2012

ကျနော်တို့နဲ့ အင်းစိန်ထောင်မှာ အတူနေခဲ့တဲ့ ကိုမိုးမြင့် တယောက် မှော်ဘီမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားတယ် ဆိုတဲ့ သတင်းက ကျနော်တို့ဆီကို ၀င်လာတယ်၊ အဲဒီတုန်းက ၁၉၉၆ ခုနှစ် လောက် ထင်တယ်။ ကျနော်တို့ကလည်း ဗမာပြည် ကျောင်းသားလူငယ်များ ပြန်လည် စုစည်းရေး ကော်မတီ (ဗကလစ)ဖွဲ့စည်းပြီး လှုပ်ရှားနေတဲ့ အချိန်၊ ကျနော်တို့ အချင်းချင်းကတော့ ဗကလစ ကို ဗိုလ်ကြီးလှစိန်အဖွဲ့လို့ ခေါ်ပါတယ်၊ ဒါနဲ့ပဲ ကျနော်တို့ မှော်ဘီက ကိုမိုးမြင့်အိမ်ကို လိုက်သွား ကြ မယ်ပေါ့၊

ကျနော်တို့ ၆ ယောက် မှော်ဘီကိုသွားဖို့ပြင်ကြတယ်။ အခုထိုင်းမြန်မာ နယ်စပ်ကိုရောက်နေတဲ့ မောင်မောင် ၀မ်း လည်းပါတယ်။

hartha_27.03.10သွားဖို့ပြင်နေတုန်းမှာပဲ ထောက်လှမ်းရေး ၆ က ဘယ်လိုသတင်းရသွားလည်း မသိဘူး။ ဒါ နောက်မှ ထောက်လှမ်းရေး ၆ က ပြန်ပြောလို့ သိရတာပါ။

ထောက်လှမ်းရေး ၆ က မှော်ဘီရဲစခန်းကို ဖုန်းလှမ်းဆက်တယ်။

“ရန်ကုန်က ကျောင်းသားတွေ မှော်ဘီကိုလာလိမ့်မယ်၊ စခန်းမှာခဏ ခေါ်ထား၊ ထောက်လှမ်းရေး ၆ အဖွဲ့ တွေလည်း ရဲစခန်းကို အခု လာနေပြီ”လို့ ဆက်လိုက်တယ်။

ဒါနဲ့ရဲစခန်းကို ကျနော်တို့ ၆ ယောက် ရောက်သွားတဲ့အချိန်မှာ ရဲစခန်းအ၀င်ဝမှာ ကင်းစောင့်နေတဲ့ ရဲ တပ်ဖွဲ့ ၀င် တယောက်က မေးတယ်။

“ဆရာတို့ ၆ ကလား”တဲ့ ။

ကျနော်တို့ အဖွဲ့ထဲက မောင်မောင်ဝမ်းက ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။

“အေး ၆ က ပဲ”

အဲဒီလို ဖြေလိုက်သံကြားရတဲ့ အချိန်၊ ကျနော့် ခေါင်းကို မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရတယ်။  မောင်မောင်ဝမ်းကို လှမ်းကြည့်တော့ မျက်စိမှိတ်ပြတယ်၊ သူ ဘာမှမပြောလိုက်သလိုပဲ။

ဒါနဲ့ စခန်းမှူးအခန်းထဲကိုရောက်သွားတဲ့ အခါမှာ စခန်းမှူးက -

“ဆရာတို့ ၆ အဖွဲ့ကိုမျှော်နေတာနဲ့ အတော်ပဲ”လို့ ပြောဆိုနှုတ်ဆက်တယ်။

ပြီးတော့ ကော်ဖီနဲ့ကိတ်မုန့်တွေ ချကျွေးတယ်။ ကျနော်တို့ မောင်ကျောင်းသားများကလည်း ၀ိုင်းတွယ်လိုက် ကြတာ တက်တက်စင် ပါလေရော။

စားသောက်ပြီးလို့ စခန်းမှူးနဲ့ ကျနော်တို့နဲ့ သေဆုံးသွားတဲ့ ကိုမိုးမြင့်ကိစ္စကို ပြောကြဆိုကြပေါ့။ စခန်းမှူးကလည်း ရှာဖွေဝရမ်းတွေ အကုန်ထုတ်ပြလိုပြ။ 

ကျနော်ကတော့ ၆ က ဆိုတဲ့ကိစ္စပဲ ခေါင်းထဲရောက်နေတယ်။ ဘယ် အချက် ပြဿနာတက်မလဲပေါ့။

ထင်တဲ့အတိုင်းပါပဲ စကားပြောနေရင်းနဲ့ စခန်းမှူးက ကောက်ခါငင်ကာ ထမေးတယ်။

“ဆရာတို့ ဘယ် ၆ က လဲ”တဲ့။

“ရေနံချောင်း ချောက်ကပါ”လို့  မောင်မောင်ဝမ်း က ပြန်ဖြေလိုက်တယ်။

အဲဒီမှာ စခန်းမှူးမျက်နှာကြီးနီရဲ လာပြီး ရှေ့က စားပွဲကို ဒုန်းခနဲ လက်နဲ့ထထုလိုက်တယ်။

“ခင်ဗျားတို့ကို ၀န်ထမ်း အယောင်ဆောင်မှုနဲ့ တရားစွဲလို့ရတယ်၊ အခုဖမ်းချုပ် လို့ရတယ်”လို့ ဒေါသ တကြီး လည်း ပြောတယ်။

ကျနော့်တို့ မောင်မောင်ဝမ်းကတော့ အေးအေးဆေးဆေးပဲပြန်ပြောတယ်။

“ခင်ဗျားတို့ မေးတုန်းက ကျနော့်ကို ထောက်လှမ်းရေး ၆ ကလားလို့ မေးလို့လား၊ ၆ က လားပဲမေးတော့ ကျနော်က ရေနံချောင်း ချောက်သားပဲ ချောက်ကလို့ပြန်ဖြေတာ မှားလို့လား” တဲ့ ။

စခန်းမှူးလည်း ဘာပြန်ပြောရမှန်း မသိဖြစ်နေတုန်း ခုနက ဂိတ်ဝမှာ ကင်းစောင့်နေတဲ့ ရဲသားလေး က  စခန်းမှူးအခန်းထဲကို အမောတကောဝင်လာပြီး ပြောလိုက်တယ်။

“စခန်းမှူး အပြင်မှာ ၆ က အဖွဲ့ရောက်နေတယ်”

အဲဒီမှာ စခန်းမှူးက ချက်ချင်း ရှေ့က စားပွဲကို ဒုန်းခနဲ တချက်ထပ်ထုပြီး
အော်ပြောလိုက် တာကတော့ -

“လာပြန်ပြီလား ဒီ ၆ ”တဲ့။

ဧရာဝတီ ဆိုဒ်မှပြန်လည် မျှဝေခြင်း

မဟုတ်ရပါဘူး ဒကာမလေးရယ် နဲ့ မှားပါတယ် ဦးပဉ္ဇင်း ရယ်

၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွေဝါရောင်တော်လှန်ရေးကြီးအပြီးမှာ ထိုင်းမြန်မာနယ်စပ်ကို လူအတော်များများနဲ့ ဘုန်းကြီး အတော် များများ ရောက်ရှိလာခဲ့ကြတယ်။ တကယ်တော်လှန်ရေးထဲမှာ ပါခဲ့တဲ့သူတွေရော၊ တကယ်ကံဆောင် ဘုန်းကြီးတွေရော၊ တကယ် ကံဆောင်တဲ့ အထဲမှာ မပါဘဲ နယ်စပ်ကနေတဆင့်
နိုင်ငံခြားသွားချင်တဲ့ ဘုန်းကြီးတွေရော အမျိုးစုံရောက်ရှိလာကြတယ်။ အဲဒီ အထဲက ဘုန်းကြီးတွေနဲ့ ပတ်သက်တဲ့ အမှတ်တရ ရှိမိတာလေးတွေ တချို့ကို ပြန်ပြောပြချင်ပါတယ်။

အဲဒီမှာ တကယ်ကံဆောင်ဘုန်းကြီးလား၊ ကံမဆောင်ဘုန်းကြီးလား မသိတဲ့ ကိုယ်တော်တပါးရဲ့ အကြောင်းကိုပါ။ ဒီဘုန်းကြီးက စက်ရုံတခုမှာ အလုပ်လုပ်တဲ့ မြန်မာမလေးတယောက်နဲ့ တယ်လီဖုန်းထဲကနေ ချစ်သူတွေဖြစ်နေကြတယ်။ လူချင်းတော့ မတွေ့ ဖူးကြဘူးပေါ့။

hartha_24042010အဲဒီလိုနဲ့ ၂ လ လောက်အကြာမှာ စက်ရုံထဲကလူတွေက ကောင်မလေးကိုပြောကြတယ်။

“ကြည့်လည်းလုပ်ဦး နင့် ကိုကို ဆိုတဲ့ သူက ဘုန်းကြီးလို့ သူများတွေ ပြောနေကြတယ်”ပေါ့။

အဲဒါနဲ့ ကောင်မလေးကလည်း ဇဝေဇ၀ါဖြစ်သွားပြီး ည ရောက်တဲ့အခါ ထုံးစံအတိုင်း သူ့ကိုကို ဆီကို ဖုန်းဆက်ပြီးမေးတော့တာပဲ။

“ကိုကို ကိုကို့ကို သူများတွေကပြောနေကြတယ်၊ ကိုကိုကဘုန်းကြီး ဆို ဟုတ်သလား ကိုကို”လို့ မေးလိုက်တဲ့အခါ သူ့ရဲ့ကိုကို
ပြန်ဖြေလိုက်တာကတော့ -

“မဟုတ်ရပါဘူး ဒကာမလေးရယ်” တဲ့ ။

နောက်ထပ် ကိုယ်တော်တပါးနဲ့လည်း အွန်လိုင်းပေါ်မှာ အမှတ်တရ ဆုံခဲ့ပါသေးတယ်။

ဒီလိုနဲ့ တရက် အွန်လိုင်းတက် နေတုန်း ကျနော့်ရဲ့ ဂျီတော့ခ် မှာ တယောက်က အင်ဗိုက်လာလုပ်ထားတယ်။ သူ့ နာမည် ကို ဖတ်လိုက်တော့“အပြာရောင် ရူးသွပ်သူလေး”လို့ အဓိပ္ပာယ်ရတယ်။ နောက် တရက်မှာ အဲဒီ အပြာရောင် ရူးသွပ်သူလေး နဲ့ ကျနော် လိုင်းပေါ်မှာတွေ့ကြပါတယ်။

သူက ဟိုင်း ဆိုတော့ ကိုယ်ကလည်း ဟိုင်းပေါ့။ သူက မြန်မာလို စရိုက်တယ်။

“အမေရိကမှာ အဆင်ပြေရဲ့လား၊ မဲဆောက်ကို ပြန်မလာတော့ဘူးလား”တဲ့။

ကျနော်ကလည်း “အင်း လာပါမယ်” ပေါ့။

စကားတွေကလည်း ဟိုရောက် ဒီရောက် စာရေးပြီး ပြောကြပေါ့။ ရုပ်ရှင်အကြောင်း၊ သီချင်းအကြောင်း၊ အံမယ် နိုင်ငံရေး ကိစ္စ တချို့တောင် နည်းနည်း ပါလိုက်သေးတယ်။ အွန်လိုင်း ချက်တင် တို့ရဲ့ ထုံးစံအတိုင်းပေါ့။

ဒီလိုနဲ့ ၄ ရက်လောက်ရှိလာတဲ့အခါ ကိုယ်က အီစီကလီ စလုပ်တော့မယ်ဆိုပြီး -

“ညီမလေးက ဘယ်ကလဲ၊ မဲဆောက်ကပဲလား”လို့ စာရိုက်မေးလိုက်တဲ့အခါ ပြန်ရိုက်လာတဲ့စာက -

“ဒကာကြီး ထက်ရာဇာ၊ ဦးပဉ္ဇင်း ဦး---- ပါ၊ ------ အဖွဲ့ကြီးကလေ၊ မှတ်မိရဲ့မဟုတ်လား”လို့ ပြန်ရိုက်လာတဲ့ စာကိုတွေ့ရတဲ့ အခါ -

“မှားပါတယ် ဦးပဉ္ဇင်း ရယ်”လို့သာ အသံမထွက်ဘဲ ပြောလိုက်မိပါတော့တယ်။

ဧရာဝတီ ဆိုဒ်မှ ပြန်လည်မျှဝေခြင်း

ဦးလေး အမြည်းနော်

ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်တခုမှာ နေတဲ့ အသက် ၅၀ ကျော်အရွယ် ဦးလေးကြည်လို့ ခေါ်တဲ့ ဦးကြည်နဲ့ အသက် ၃၀ လောက် ရှိတဲ့ သက်နိုင် ဆိုတဲ့ တူအရီး နှစ်ယောက် ရှိတယ်။


ဦးလေးဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်ပြီးတော့ တူဖြစ်သူကတော့ ကျပန်း အလုပ်လုပ်ပါတယ်။

သူတို့ နှစ်ယောက်က အတူနေကြပေမယ့် သဘောထား အမြင်တွေတော့ မတူကြပါဘူး။ မကြာခဏ ငြင်းခုန် စကားများကြ ပါ တယ်။

အခုလည်း တူအရီး နှစ်ယောက် အရက်ဝိုင်းလေး ဖွဲ့မိနေကြပြန်ပါပြီ။
hartha_02042010 သက်နိုင်က သူ့အလုပ်က အပိုကြေးလေး ရလာလို့ ဦးလေး ဖြစ်သူကို အရက်ဖြူလေး နဲ့ ပြုစုမယ်စိတ်ကူးနဲ့ ဒီဝိုင်းလေးဖွဲ့တာပါ။

အရက်နဲ့ မြည်းဖို့လည်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို လက်ဖက်သုပ်(အဘိုးကြီးသုပ်)၊ ကန်စွန်းပလိန်း နဲ့ ကြက်ဥ ဟတ်ဖ်ရိုက် ကြော်လည်း စီစဉ်ထားပါသေးတယ်။

သက်နိုင်က အရက်ကို ဖန်ခွက် နှစ် ခွက်ထဲ ညီတူ မျှတူ ငှဲ့လိုက်ပြီးတော့ သူ့ဦးလေးကို စကား စလိုက်ပါတယ်။

“ကဲ ဦးလေးကြည် ချီးယားစ် ဗျာ၊ ကျနော့် ရှိတာလေးနဲ့ ဖြစ်သလိုပဲ စီစဉ်ရတာ ချလိုက်ရအောင်”

ဦးကြည်ကလည်း အရက်ခွက်ချင်းတိုက်လိုက်ကာ တကြိုက်တည်းမော့ချလိုက်ပြီး လက်ဖက်သုပ် ကို နှိုက်မြည်းလိုက်တယ်။ ပြီးတော့ သက်နိုင် ကိုလည်း ပြောလိုက်ပါတယ်။

“ကောင်းကွာ ၊ ရင်ထဲကို ပူဆင်းသွားတာပဲ၊ မင့်ရှိတာလေးလို့ ဆိုပေတဲ့ စေတနာသာ အဓိကပါကွာ”

အရက်ကဖြင့် သောက်ခါစပဲ ရှိသေး “စ လာပြီ” လို့ သက်နိုင်က တွေးလိုက်ပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ ဦးကြည်က စာတိုပေစလေးကလည်း ဖတ်မှတ်လေ့လာ၊ အာဘောင်အာရင်း သန်သန်နဲ့ ပြောဆို ဆွေး နွေးတတ်တဲ့ ၀ါသနာလေးကလည်းပါ၊ စကားပြေားရင်လည်း တကယ့်ကို အသံကျယ်ကျယ် အာဘောင် အာရင်း သန်သန်နဲ့ ပြော တဲ့လူ။ အဲဒီလိုမျိုး လူ။ သက်နိုင်က တွေ့ဖူးကြုံဖူးတာများပြီမဟုတ်လား။ ဒါပေမယ့် သက်နိုင်က အလိုက်အထိုက် လုပ်လိုက်တယ်။

“ဟုတ်ကဲ့ ဦးလေးကြည်”

အဲဒီလို သက်နိုင်ဆီက လေးစားသမှု ပုံစံပြလိုက်ရင်ပဲ ဦးကြည်က အရက်ကို ကိုယ့်ဘာသာ ဖန်ခွက်ထဲ ငှဲ့ သောက်လိုက်၊ အမြည်း ကိုလည်း လက်နဲ့နှိုက်လိုက်လုပ်ရင်း အသံကျယ်ကျယ်နဲ့ စကားဆက်နေပါတော့တယ်။

“အေး စေတနာ ဆိုတာ တူသော အကျိုးပေးတယ်လို့ ဘုရား ဟောထဲမှာလည်း ပါတယ်မဟုတ်လားကွာ အေ့ ”

ဦးကြည်က အရှိန်ရလာလေပြီ။

“ဟုတ်ကဲ့”

“တဦးက စေတနာ တဦးက မေတ္တာ ဆိုတာလည်း ရှိတယ်မဟုတ်လား”

“ဟုတ်ကဲ့”

သက်နိုင်က အာရုံလွှဲချင်တဲ့ သဘောနဲ့ သူ့ ဖန်ခွက်ထဲ အရက် ငှဲ့ပေးလိုက်တာကို ဦးကြည်က လက်ကာပြီး ပြန်ပြောတယ်။

“ရပါတယ်ကွာ ၊ တော်ပြီလေ တော်ပြီ တော်ပြီ”

တော်ပြီသာ ဆိုတယ်၊ တကယ်တော့ ဦးကြည်လက်က ဖန်ခွက်ကို အုပ်လိုက်တာ မဟုတ်ဘူး၊ သူ့ လက်ဖ၀ါး နှစ်ဘက်ကို ရင်ဘတ်နားမှာ ကတ်ထားပြီးပြောနေတာ။

သောက်ရင်းစားရင်းနဲ့ အရက်လည်း တော်တော် ကုန်သွားပြီ။ အမြည်းတွေလည်း ကုန်တော့မယ်။ သက်နိုင်လည်း အရှိန်ရနေပြီ။

ဦးကြည်က ပုလင်းထဲက အရက်ကို ငှဲ့သောက်ရင်း အမြည်း ပန်းကန်ကို လက်လှမ်းလိုက်ပြန်ပါတယ်။

အဲဒီမှာ သက်နိုင်က ဦးကြည်ကို စပြောလာတယ်။

“ဦးလေး အမြည်း နော်”

“စားပါတယ် ငါ့ တူရ”

အဲဒီလို ဦးကြည်က သူ့ကို သက်နိုင်က အမြည်းမစားမှာ စိုးလို့ သတိပေးတယ်အထင်နဲ့ အမြည်းနှိုက်ဖို့ နောက်တခါ လက်လှုပ်ရှား တဲ့ အချိန်မှာ သက်နိုင်ကလည်း ထပ်ပြောတယ်။

“ဦးလေး အမြည်းနော်”

“စားပါတယ် ငါ့ တူရ”

ဒီလိုနဲ့ အမြည်းက ကုန်ခါနီးဆိုတော့ သက်နိုင်က ထပ်သတိပေးတယ်။

“ဦးလေး အမြည်းနော်”

ဦးကြည်ကလည်း သူ့ကို စားခိုင်းတယ်ထင်ပြီးတော့ စောစောက အတိုင်းပဲ ပြန်ပြောတယ်။

“စားပါတယ် ငါ့ တူရ”

နောက်ဆုံး သက်နိုင် မနေနိုင်တော့ဘူး။

သက်နိုင် ဒေါသ ပေါက်ကွဲပြီး စိတ်ဆိုးမန်ဆိုးနဲ့ ဦးကြည်ကို ပြောလိုက်တာကတော့ -

“ခင်ဗျား စားလွန်လွန်းလို့ ပြောနေတာ၊ အမြည်းက အဲဒါ အကုန်ပဲ မရှိတော့ဘူး”

အဲဒီမှာတင် ထုံးစံအတိုင်း တူအရီး နှစ်ယောက် စကားများပြီး အရက်ဝိုင်းလည်း ပျက်သွားပါတော့တယ်။

ကိုဒဲ့ဒိုး


ဧရာဝတီ ဆိုဒ်မှ ပြန်လည်းမျှဝေပေးလိုက်ပါတယ်

Monday, May 14, 2012

လာလည်တဲ့ပရိတ်သတ်အတွက်ဟာသလေး

 ဒီ တစ်ခါတော့ ကျွန်တော်က သူငယ်ချင်းတွေ နည်းပညာချည်းလေ့လာနေရတာ ပျင်းနေကြပြီပေါ့ဗျာ။တစ်ခါတစ်လေကျတော့ လဲ ကျွန်တော်တို့ တွေရဲ့ ဦးနှောက်လေးကို ဆေးတဲ့ အနေနဲ့ ပျော်စရာရွှင်စရာ ဟာသလေးတွေကို ကျွန်တော်ကရေးပြီး သူငယ်ချင်းတွေ အတွက် လက်ဆောင်လေးပေးပါရစေဗျာ။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။


``အခန်းမကျော်အောင်´´

၅နှစ် အရွယ် နှင့် ၇နှစ်အရွယ် ညီအကို ကလေးငယ်နှစ်ယောက်တို့ တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။

“ကြည့်လို့ကောင်းနေတုန်း ဘာလို့တီဗွီပိတ်ရတာလဲ”

“ငါရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”
..............

ချစ်ရတဲ့ မြေးလေး


အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။

“ကျွန်တော်ဟာ သူငယ်တန်းက ဆန်းနီလေး ရဲ့ အဘိုးပါ။ ကျွန်တော့မြေးလေး ကျောင်းတက်တာကို လာကြည့်တာပါ”

“သြော်ဟုတ်ကဲ့၊ ဆန်းနီလေးဟာ သူ့အဘိုး အငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို လိုက်ပို့စရာရှိလို့ဆိုပြီး ခွင့်ယူသွားပါတယ်ရှင်”
............................................

ဧည့်နှင်နည်း

“ကလေးမရယ် အသံလည်းမကောင်းဘဲနဲ့ ဘာလို့ သီချင်းအော်ဆိုရတာလဲကွဲ့”

“သမီးက မဆိုချင်ပါဘူး။ ဒါပေမယ့် မေမေက ဧည့်သည်တွေ နှင်ချင်တဲ့အခါမှာ အခုလို အော်ဆိုခိုင်းလို့ပါ”
...........................................
ရိုက်မှာစိုးလို့

“သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။ မိတ်ဆက်တဲ့ အနေနဲ့ အန်တီ့ ကို မွှေးမွှေးပေးလိုက်ပါဦး”

“ဟင့်အင်း၊ သားကြောက်တယ် မေမေ”

“ဘာဖြစ်လို့လဲ”

“မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်တယ်ဗျ”
.....................................................................

သူဆိုရင် လက်တည့်တယ်

“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့ကို ခဲနဲ့လှမ်းပေါက်တာ ခင်ဗျား သားဖြစ်မယ်ထင်တယ်”

“ခင်ဗျားကို ထိသွားလို့လား”

“ဟင့်အင်း”

“အဲ့ဒါဆို ကျွန်တော့်သားမဟုတ်ဘူး”
................................................................................................


ယုံကြည်လာသူ

“ငါ့မိန်းမက င့ါကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”

“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”

“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယိဆိုတာငါ မယုံခဲ့ဘူးလေ”
...................................
သမက်ရဲ့ စေတနာ

“ယောကျာ်းရေ မေမေ ပြောနေတယ်။ ရှင် ပြောတဲ့ ဟာသတွေက အရမ်းရယ်ရလွန်းလို့ အူတက်ပြီးသေမတတ်ပဲတဲ့”

“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”


....................................................
ပေါက်ကရ မပြောနဲု့

ယာဉ်ထိန်းရဲက အမြန်မောင်းလာသာကိုပြောလိုက်သည်။

“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅မိုင်ဖြစ်နေပါတယ်”

“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနစ်ပဲ ရှိသေးတယ်”

.....................................................................

မိထားတဲ့သူက

“ဟဲလို.. ဋ္ဌာနချုပ်ကလား။ ကုန်တိုက်ရှေ့မှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တစ်ယောက်ကိုတော့ ကျွန်တော် မိထားပါတယ်။”

“ဘယ်တစ်ယောက်လဲ”

“အလုပ်ခံရတဲ့သူ”

..........................................................................................

သဘာဝ

“မင်းက င့ါကို အရူးလုပ်နေတာလား”

“ဟင့်အင်း၊ ခင်ဗျားရဲ့ ပင်ကိုသဘာဝပေါ်မှာ ကျွန်တော် ဘယ်တော့မှ အနှောက်အယှက် မပေးတတ်ပါဘူး။”
..........................................................................

ထိုင်ခုံမရှိလို့

“ရုရှားစစ်သည်တော်နှစ်သန်းက စစ်မြေပြင်ရောက်တဲ့အခါ မတ်တတ်ရပ်ပြီး အသင့်ပြင်နေတာ ဘာကြောင့်လဲ မောင်မောင်ဖြေစမ်း။”

“ဟုတ်ကဲ့ဆရာ၊ သူတို့မှာ ကုလားထိုင်မရှိလို့ပါ။”

................................................

မေမေ မှာထားလို့

“ကောင်းကင်ဘုံကို ရောက်ချင်သလား မေးတော့ ကျောင်းသားအားလုံး လက်ညှိုးထောင်ပြပေမယ့် မင်းက ဘာဖြစ်လို့ လက်ညှိုးမထောင်တာလဲ တိုနီ၊ ကောင်းကင်ဘုံကို မသွားချင်ဘူးလား”

“ဟင့်အင်း၊ မသွားချင်ဘူးဆရာ။ မေမေက မှာထားတယ်။ ကျောင်းလွှတ်ရင် အိမ်ကိုပဲတန်းပြန်လာခဲ့တဲ့”
                   သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေဗျာ။

Wednesday, April 18, 2012

သေမင်းနှုတ်ခမ်း ခရီးသွား လုပ်ငန်း

- အလုပ်ဖိစီးပြီး စိတ်ပင်ပန်းနေသူများ
- သမက်နှင့်မတည့်သော ယောက္ခမများ
- ယောက္ခမနှင့် မတည့်သော သမက်များ
- အိမ်ထောင်ရေး အဆင်မပြေသည့် ယောင်္ကျားနှင့် မိန်းမများ အတွက်
မေတ္တာလက်ဆောင် ဝယ်ပေးသင့်သည့် “ သေမင်းနှုတ်ခမ်း ” ခရီးစဉ်များနှင့်

ကျွန်တော် ၏ Blogger ဆိုဒ်ကလေးကိုရောက်လာသူအပေါင်းအားလုံး ကိုယ်စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့၏ပါစေလိုဆုမွန်ကောင်း တောင်းလိုက်ပါတယ် လိုအပ်ချက်များ နှင့်အကူအညီများရှိပါကwhiteheartcity.blogger@gmail.com သို့ ဆက်သွယ်အကြံပေး မေးမြန်းနိုင်ပါသည်
နာမည် ဆက်သွယ်ရန် EMAIL
ကြယ်လေး whiteheartcity.blogger@gmail.com sl.northernstar@gmail.com sorkyibel@gmail.com
ကျွန်တော် ၏ Blogger ဆိုဒ်ကလေးတွင် မိမိတို့၏Flash Soungများကိုတင်ပြလိုပါ အထက်ဖော်ပြအကောက်များ ကိုဆက်သွယ်နိုင်ပါသည်ခင်ဗျာ...