'

Featured Posts

ငွေလဲနူန်းတွေတွက်မယ်

ကျွန်တော် ၏ Blogger ဆိုဒ်ကလေးပြုပြင်ဆဲကာလဖြစ်ပါသောကြောင့် လိုအပ်တာများ လုပ်မရသောအရာများ ရှိပါက sl.northerstar@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်...ခင်ဗျာ....

Tuesday, April 24, 2012

မြန်မာဘလော့များစုစည်းမှု


ကျွန်တော် ဒီနေ့တော့ ဒီရက်ပိုင်း လုပ်ဖြစ်တဲ့ ဆိုဒ်လေး တစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ် .. နောက်ရက်တွေ ကစပြီး မေးခွန်းတွေ မေးထားတာတွေကို မေးလ်က ဖြေတာပဲ ဖြစ်စေ ပို့စ်အနေနဲ့ ရေးပြီး ဖြစ်စေ ဖြေပေးသွား ပါတော့မယ် .. စာဖတ်ချင် သူတွေအတွက်လည်း ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာ တွေကို ထပ်ပြီးတော့ ရေးပေးသွားပါမယ် .. အခု ကျွန်တော် မိတ်ဆက် ပေးချင်တဲ့ ဆိုဒ်လေးကတော့ မြန်မာဘလော့များ စုစည်းမှု ဆိုတဲ့ ဆိုဒ်လေးပဲ ဖြစ်ပါတယ် .. ဒီဆိုဒ်လေးကို ကျွန်တော် လုပ်ဖြစ်သွားတယ် ဆိုတာကလည်း အကြောင်း ရှိပါတယ် .. ကျွန်တော်လည်း Blogger တစ်ယောက်ပါပဲ နည်းပညာ မျှဝေတဲ့ Blogger တစ်ယောက်ပေါ့နော် .. အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော့်အနေနဲ့ ဘလော့ မိတ်ဆွေများ အပေါ်မှာ တာဝန်မကျေ ခဲ့တာတွေ အများကြီး ရှိပါတယ် .. ဘလော့ အကြောင်းနဲ့ ပါတ်သတ်ရင် ကျွန်တော် အများကြီး ပြန်ပြီး မမျှဝေပေးနိုင်ခဲ့ပါဘူး .. ကျွန်တော်လည်း Blog သမား တစ်ယောက်ပါပဲ ဒါပေမယ့် ဘလော့နဲ့ ပါတ်သတ်ရင်တော့ ကျွန်တော် ပြန်ပြီးမျှဝေတာ အရမ်းနည်းတယ်လို့ ပြောလို့ ရပါတယ် . အဲ့ဒီအတွက် ကျွန်တော့်အနေနဲ့ ဘလော့ မိတ်ဆွေတွေ အပေါ်မှာ အကြွှေးတွေ ရှိတယ်ဆိုရင်လည်း မမှားဘူးလို့ ပြောလို့ ရပါတယ် .. ပြီးရင် ကျွန်တော့်ဆိုဒ်မှာ ဘလော့ မိတ်ဆွေ များအတွက် သက်သက် လင့်ချိတ်ပေးထားတာ မရှိပါဘူး .. ဒါကြောင့် ဘလော့မိတ်ဆွေ များအားလုံးကိုလည်း အလွယ်တကူ ချိတ်ပေးပြီးသားဖြစ်အောင် ကျွန်တော့် ဆိုဒ်လေးကို လာလည် ကြတဲ့သူများ အနေနဲ့လည်း နောက်ထပ် နည်းပညာ ဘလော့တွေကို သွားချင်ရင်ပဲ ဖြစ်ဖြစ်၊ သုတ ၊ ရသ နဲ့ ဗဟုသုတ တွေကို ဖတ်ရှုချင်ရင်ပဲ ဖြစ်ဖြစ် အလွယ်တကူ သွားရောက်လို့ အဆင်ပြေအောင် ဒီဆိုဒ်လေးကို လုပ်ဖြစ်သွားတာပဲ ဖြစ်ပါတယ် .. သွားရောက် လေ့လာချင်သူတွေ အတွက်လည်း အဆင်ပြေအောင် ကျွန်တော် အမျိုးအစားအလိုက် ခွဲပြီး လင့်တွေ ချိတ်ပေးထားပါတယ် ..တက်နိုင်သလောက် စုစည်း ပေးထားပေးမယ့် ပြည့်စုံမှုမရှိသေးဘူး ဆိုတာတော့ သိပါတယ် .. အဲ့ဒီအတွက် ဒီဆိုဒ်လေးမှာ လင့်မချိတ်ရသေးတဲ့ ဘလော့ မိတ်ဆွေ များကိုလည်း မိမိတို့ရဲ့ ဆိုဒ်လိပ်စာ လေးတွေကို ချန်ထားခဲ့ပေးစေချင်ပါတယ် .. နောက်တစ်ခုကတော့ ကျွန်တော်အနေနဲ့ လေ့လာတဲ့ သူတွေအဆင်ပြေအောင် အသုံးဝင်မဲ့ သိသင့် ဖတ်သင့်တဲ့ ဆိုဒ်လိပ်စာတွေကိုပါ လင့်ချိတ်ပေးထားပါတယ် .. အဲ့ဒီအတွက် အသုံးဝင်မဲ့ သိသင့် ဖတ်သင့်တဲ့ ဆိုဒ်လိပ်စာတွေ မိမိတို့ စီမှာ ရှိတယ် ဆိုရင်လည်း လိပ်စာလေးတွေ ထားခဲ့ စေချင်ပါတယ် .. အများကိုလည်း မျှဝေပြီးသား ဖြစ်သွားတာပေါ့ဗျာ .. ကျွန်တော် အနေနဲ့ ဒီဆိုဒ်လေးကို လုပ်ဖြစ်ခဲ့တဲ့ အတွက် အားလုံးအတွက် တစ်ထောင့် တစ်နေရာကနေ အထောက်အကူ ပြုခဲ့မယ် ဆိုရင်ပဲ ကျေနပ်ပါတယ် ..

မြန်မာဘလော့များ စုစည်းမှုကို သွားမယ်ဆိုရင်တော့ အောက်ကလိပ်စာ ကနေတစ်ဆင့် သွားနိုင်ပါတယ်

http://myanmardaily-news.blogspot.com/
အားလုံးပဲအဆင်ပြေကြပါစေ …. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

0 /မှတ်ချက်ပေးခဲ့တယ်:

Post a Comment

သင် ရေးခဲ့သောစာတစ်ကြောင်း ရေးသားသူမှာအားအင်များဖြစ်ထွန်းရပါတယ်...
ဆက်သွယ်လိုပါက whiteheartcity.blogger@gmail.com

ကျွန်တော် ၏ Blogger ဆိုဒ်ကလေးကိုရောက်လာသူအပေါင်းအားလုံး ကိုယ်စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့၏ပါစေလိုဆုမွန်ကောင်း တောင်းလိုက်ပါတယ် လိုအပ်ချက်များ နှင့်အကူအညီများရှိပါကwhiteheartcity.blogger@gmail.com သို့ ဆက်သွယ်အကြံပေး မေးမြန်းနိုင်ပါသည်
နာမည် ဆက်သွယ်ရန် EMAIL
ကြယ်လေး whiteheartcity.blogger@gmail.com sl.northernstar@gmail.com sorkyibel@gmail.com
ကျွန်တော် ၏ Blogger ဆိုဒ်ကလေးတွင် မိမိတို့၏Flash Soungများကိုတင်ပြလိုပါ အထက်ဖော်ပြအကောက်များ ကိုဆက်သွယ်နိုင်ပါသည်ခင်ဗျာ...