'

Featured Posts

ငွေလဲနူန်းတွေတွက်မယ်

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ကျွန်တော် ၏ Blogger ဆိုဒ်ကလေးပြုပြင်ဆဲကာလဖြစ်ပါသောကြောင့် လိုအပ်တာများ လုပ်မရသောအရာများ ရှိပါက sl.northerstar@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်...ခင်ဗျာ....

Thursday, May 31, 2012

ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ

မရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင် ကျေးရွာမှ အသက် ၁၆ နှစ် အရွယ်သာ ရှိသေးသော မသီတာထွေးသည် မေလ ၂၈ ရက်နေ့က မုဒိမ်းကျင့်ခံရပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ် ခံလိုက်ရသည်။


ရမ်းဗြဲမြို့နယ်မှ ကျေးရွာချင်း ဆက်ထားသော လမ်း။ (ဓါတ်ပုံ- နိရဉ္စရာ)
” သူမဟာ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စက်ချုပ်သင်နေတဲ့ အိမ်က တမိုင်ခွဲခန့် ဝေးတဲ့ သူမနေထိုင်တဲ့ သပြေချောင် ကျေးရွာကို ညနေ ၅ နာရီခွဲခန့်မှာ ပြန်သွားစဉ်မှာ ကျောက်ထရံ ကုလားရွာ အနီးမှာ မုဒိမ်းကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်″ ဟု ကျောက်နီမော်မှ အရပ်လူကြီး တစ်ဦးက ပြောသည်။
မသီတာထွေးသည် အဘ ဦးလှတင် (ကွယ်လွန်) အမိ ဒေါ်မမြတို့၏ သမီးဖြစ်ပြီး ရမ်းဗြဲမြို့နယ် ကျောက်နီမော် တိုက်နယ် ချောင်းဝ ကျေးရွာ အုပ်စု သပြေချောင် ကျေးရွာမှ ဖြစ်သည်။
မသီတာထွေးအား မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ ကျောက်ထရံကျေးရွာမှ မွတ်ဆလင် လူငယ် သုံးဦး ဖြစ်ပြီး ယခုအခါ တစ်ဦးကို ထွက်ပြေးစဉ် ရမ်းဗြဲတွင် ဖမ်းဆီးရမိထားကြောင်း သူက ပြောသည်။
” သူမကို မုဒိမ်းကျင့်ပြီး သတ်သွားတာက ကျောက်ထရံကျေးရွာက ကုလား လူငယ် (၃)ဦးဖြစ်တယ်လို့ သိရပါတယ်။ သူတို့အထဲက တစ်ဦးကိုတော့ ရမ်းဗြဲမှာ ဖမ်းမိထားပါပြီ။ သူက သူတို့ ကျူးလွန်တဲ့ အကြောင်း ခံဝန်ချက် ပေးထားတယ်လို့ သိရပါတယ်″ ဟု သူက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး သူက ဆက်လက် ပြောကြားရာတွင် မသီတာထွေးသည် ခါတိုင်းနေ့များတွင် တစ်ရွာတည်းနေ မိတ်ဆွေများဖြင့် သူမနေထိုင်ရာ သပြေချောင်း ကျေးရွာသို့ ပြန်လေ့ရှိကြောင်း၊ အခင်းဖြစ်ပွားသည့် ယမန်နေ့ ညနေပိုင်းက ကျောက်နီမော် ကျေးရွာ လမ်းထိပ်တွင် စောင့်နေစဉ် တစ်ရွာတည်းနေသူများ ပေါ်မလာသဖြင့် တစ်ဦးတည်းပြန်စဉ် ကျောက်ထရံ ကုလားရွာ အလွန် တာတမံဘောင်ရှိ ကုက္ကိုပင်တွင် ပုန်းအောင်းစောင့်နေသော မွတ်ဆလင် လူငယ် ၃ ဦးက အတင်းဆွဲချုပ် ဖမ်းဆီးပြီး မုဒိမ်းကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ကြောင်း သူက ပြောသည်။
” အခု လူသတ်မူက မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး လူသတ်မူလို့တောင် ပြောချင်ပါတယ်။ မုဒိမ်းကျင့်ပြီးတဲ့နောက် သူမ လည်ပင်းကို ဓါးနဲ့ လှီးသတ်တယ်။ ရင်ဝကိုလည်း ဓါးနဲ့ အချက်ပေါင်း များစွာ ထိုးသတ်တယ်။ နောက်ကျောမှာလည်း ဓါးဒဏ်ရာ လေးချက် ငါးချက်တွေ့ရပါတယ်။ ပီးရင် သူမ၀တ်ထားတဲ့ ဆွဲကြိုးနဲ့ လက်စွပ် နှစ်ကွင်း၊ နာဋောင်းတွေကိုလည်း ယူသွားပါတယ်″ ဟု ပြောသည်။
ကျောက်နီမော် ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲသား တစ်ဦးက ယခုလို ပြောသည်။
” မုဒိမ်းကျင့်ခံရပြီး အသတ်ခံရတာ မှန်ပါတယ်။ သူမရဲ့ ထဘီ၊ အတွင်းခံ ဘောင်ဘီတွေကို သူမရဲ့ အလောင်းဘေးမှာ စုပုံပြီး တွေ့ရပါတယ်။ အသေးစိတ်တော့ မပြောနိုင်သေးဘူး။ အခု ခရိုင် အုပ်ချုပ်ရေးမှူး အပါအ၀င် လူကြီးတွေ ရောက်နေပါတယ်။ စခန်းမှူးလည်း အခု မအား ဖြစ်နေပါတယ်″ ဟု ပြောသည်။
ကျောက်နီမော်ရဲစခန်းတွင် ဒေသခံ ဗုဒ္ဓဘာသာဝင် ၇၀၀ ခန့်က လူသတ် တရားခံအား အမြန်ဆုံး ဖေါ်ထုတ်ရန် ယနေ့တွင် ၀ိုင်းဝန်းတောင်းဆိုခဲ့ကြသည်ဟု သိရသည်။
ဆူပူမူများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးကြီး၊ ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးတို့လည်း ကျောက်နီမော်သို့ ယခုအခါ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

သတိကြောက်တတ်သူများမကြည့်ရ 






Elcomsoft Wireless Security Auditor 3.0.2.375






Elcomsoft Wireless Security Auditor 3.0.2.375 | Windows OS | 7.5MB


Wireless NETWORK အသုံးပြုတဲ့သူတွေအတွက်ပါ။
ကိုမြတ်ဘလော့ မှ ကူးယူတင်ပြပါသည်...။
အဆင်ပြေကြပါစေ။

Wednesday, May 30, 2012

အမွှေးအများဆုံးလူသား ထူးထူးဆန်းဆန်းလေများ (၂)




အားလုံးပဲ မင်္ဂလာပါ လို့ နငတ်ဆတ်ပါတယ်နော် အားလုံး လန့်သွားရင်တော့ တောင်းပန်ပါတယ်ခင်ဗျာ
ဒါကတော့ သဘာဝအရဖြစ်နေတာပါ
တစ်ခါတစ်လေကျွှန်တော်အရမ်း မခံစား နိုင်လို့ ကုရသေးတယ်

ကျွှန်တော့်ဇနီးနဲ့ မိတ်ဆတ်ပေးပါရစေ ပရိတ်သတ်ကြီးရေ
ချောတယ်မလား

ကျွှန်တော် တို့ စုံတွဲလိုက်တယ် မလား
ကျွှန်တော့် ဇနီးချောနဲ့ ကမ်းခြေမှာလေနေစာလှုံနေတာ

ကျွှန်တော့်ဒီဇိုင်းလေမလန်းဘူးလား
ကဲအားလုံးကျွှန်တော့် ပုံလေးမြင်လိုက်ရတော့ လန့်သွားမယ်ထင်တယ်
အားလုံးတောင်းပန်ပါတယ်နော်

ထူးထူးဆန်းဆန်းလေများ (၁)








ဒီဒူးရင်းသီးလေးက အထဲမှာ ဒူးရင်းသီးး အသေးလေးတစ်လုံး ထပ်ပါပါတယ် ။ မျိုး ဗီဇပြုပြင်ထားခြင်း မဟုတ်ပဲ အလိုအလျှောက်ပါဝင်နေခြင်း ဖြစ်ပါတယ် ။





ဒါကတော့ အနီရောင် ဒူးရင်းသီးတွေပါ ။ အပြင်ခွံက အ၀ါရောင်ဖြစ် ဖြစ်ပြီး အထဲက အသားအမွှာတွေကတော့ အနီရောင်ဖြစ်နေခြင်းဖြစ်ပါတယ် ။


ပန်းရောင် ငှက်ပျောသီး ဖြစ်ပါတယ် ။ ပုံစံကတော့ပုပု လုံးလုံးဖြစ်ပြီး တောနက်တွေထဲမှာ တွေ့ရလေ့ရှိပါတယ် ။ စားသောက်ဖို့အတွက် အန္တရာယ် ရှိမရှိကိုတော့ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ် ။
သက်တန့် ချိုမှ ကူးယူဖော်ပြလိုက်ပါတယ်

ဆက်ရန်ရှိသေးသည်..........

ရင်ခွင်စူး

ပျော်ရွှင်စရာနေ့ရက်တွေကို
အလွမ်းတွေဖန်ဆင်သွားတဲ့ ချစ်သူရေ...

.မေ့ လို့ မရခဲ့ တဲ့မိနစ်တွေကိုချစ်တဲ့ .
..သူသိစေချင်လိုက်တာ....

တိမ်တွေပြိုတိုင်းငိုမိဥိးမှာပါ
မိုးစက်ပြေးတိုင်းငေးမိနေဦးမှာပါ

အဆုံးမရှိခိုင်မာစွာငြိတွယ်လို့ပြီးကာမှ
ရင်ကိုခွဲး အသည်းကိုယူဆောင်
သူရှောင်ပုန်းနေလဲ ..

အမှက်မရှိတဲ့ငါရင်ခွင်ဟာသူပြန်လာဖို့ ပဲ
စောင့် စားမျှော်လင့် 
အသင့် ပါ

တွေးဖို့ တောင်ကြော့က်ခဲ့ ပေမယ့်် 
ဒီလိုအချိန်တွေသေချာပေါက်ရော့က်လာလိမ့် မယ်ဆိုတာ
.ချစ်သူအခုဆို အသည်းကိုထိလို့ မချိအောင်နာကျင်ခံစားနေရပါပြီ..

ချစ်သူ

ချစ်တယ်ဆိုတဲ့ စကားလေးတခွန်းနဲ့ 
ထာဝရဆိုတဲ့ ဆုံစည်းမူလေးကို
မျှော်လင့် နေပါရစေ.....ချစ်သူ

တခဏတာမဟုတ်တဲ့ မြက်နိုးမူတွေက
ကိုယ့်တယော့က်အတွက်ဆိုတာ
ချစ်ရသေားကိုယ်သိပါစေ..။

မမေ့ နိုင်ခြင်းတွေနဲ့ လွမ်းနေတယ်
ဆိုတာသိရင်ပြန်လာခဲ့ ပါလား.။

တိုက်ဆိုင်မူတွေကြုံလာရင်
အလွမ်းတွေကမနိုင်မနင်းနဲ့ 
ဝေးနေကြပေမယ့် လည်း
မေ့ ရင်ထဲမှာမဖြေသာပဲးလွမ်းနေဆဲပါ.
.

ဘယ်ချိန်ထိပဲးကြာကြာ
ကိုယ့် ရဲ့ အချစ်ဆုံးပါလို့ ပြေားခဲ့ တဲ့ 
ကောင်မလေးတယော့က်ကိုတော့
အမြဲးတမ်းသတိရတမ်းတပြီမပြောင်းလဲတမ်းချစ်နေပါစေလို့ ...

ရင်ထဲက အကြောင်းတရား

၇င်ဘက်မှာလည်းဟာလာဟင်းလင်းနဲ
့နှလုံးလမ်းကြောင်းမှာလည်းအသွား
လာတွေရှင်းလို့ 
ငါမရှိခင်ကတည်းကအချစ်ကရှိနေတာ
ငါမရှိတော့ရင်လည်း အချစ်ဆိုတာ ရှိနေမှာပဲ
ငါကငါ အချစ်ကအချစ်

ဒါပေမယ့် လေ....

ကိုယ်မရှိ၇င် မေ့ရဲ့ ဘ၀ဟာလေ
ရင်ထဲးမှာလောင်မီးကျတော့မလို
ညညဆိုလည်းအိပ်လို့ မရ
အိပ်ပြန်တော့လည်းသူ့ အကြောင်းပဲးအိမ်မက်
နာရီတွေထဲမှာ ပိုနေတဲ့ အချိန်တွေများရှိသလားကို့်ကိုပဲးလွမ်းလို့ လား..

ကို့ အကြောင်းလေးနဲ့ ကိုယ့် ရဲ့ နာမည်လေးေ၇ရွတ်မိ၇င်
မေ့ ရဲ့ အသည်းတွေ (ဆက်ခနဲ့  )နေအောင်ခံစားရတယ် ..။
ကို ကသစ်ရွက်လေးဆို မေက ပန်းပွင့် လေးဖြစ်ချင်သူပါ
မေ..ယုံကြည်ပါတယ်။

ရထားက ဘယ်လက်မှတ်ပဲဖြက်ဖြက်
ဘူတာမှာပဲး၇ပ်၇တာပဲ
ကိုနဲ့ မေလဲနီးခြင်းဝေးခြင်းပဲးရှိမယ်
ရင်ထဲကအချစ်တွေကတော့နွယ်တပင်လို အမြဲးရစ်ပတ်နေမယ်

ရင်နာလွန်းလို့

ရင်ထဲမှာနာကျင်လွန်းတာ ရင်ကွဲးမတက်ပါပဲ
ဘယ်သူဘာပြေားပြေား သူ့စကားတခွန်းကို
ယုံကြည်ခဲ့တာ

ကိုယ်ယုံကြည်ရတဲ့သူကအစိမ်းသက်သက်ညာသွားတော့
ရင်နာလွန်းလို့ 

ဝေးနေတဲ့တခဏအတွင်းမှာ သူကနောတ့်တယောက်နဲ့တဲ့ 
နှလုံးသားတခုလုံးပုံအေားပြီးချစ်ခဲ့သူကိုမှ
လမ်ညာလှည့်စားရက်တယ်

တဘ၀လုံးမျှော်လင်ချင်အပြည့်နဲ့ 
ချစ့်ခဲ့တဲ့ငါ့အတွက်နောတ့်ဆုံးရလဒ်က
အသည်းကွဲးခြင်းဆိုတဲ့ လက်ဆောင်လာ

ခံစားရလွန်းလို့ မွန်းကျပ်နေပါပြီ
လက်တွဲးလာတဲ့ တလျှောက်လုံးရိုးသားစွာနေခဲ့ တာ
ငါထက် အစစ ပို့ ချစ်နိုင်မယ့်သူဆိုတော့

ရင်နာရပေမယ့် ခွင့်လွတ်ပေးနိုင်အောင်ကြိုးစားပါ့မယ်
မင်းသာပျော်ရွှင်နေမယ်ဆိုရင်
ရင်နာစရာစရာဟာကြင်နာစရာအဖြစ် ပြောင်းလဲးလိုက်ပါ့မယ်....

ချစ်သူ ကဗျာ

အစကတည်းက..........ဝေးကွာပြီးသားပါ.....
နှလုံးသားထဲမှာ..........မင်းပုံရိပ်ကိုထည့်ပြီး.....
မိုင်းထောင်ပေါင်းများစွားကို......တွန်းလှန်နေတဲ့ကောင်...
မြင်ယောင်နေကျ........မင်းရုပ်သွင်ကို...........
အသစ်လိုပြန်နွေးပြီး.......အလွမ်းနာကိုအံတုနေတဲ့ကောင်......
ကြားနေကျ.............မင်းအသံကို........
ပြန်ပြန်ကြားယောင်ပြီး....မနက်ဖြန်ဆိုတဲ့တောင်ကိုတက်မယ့်ကောင်.....
မင်းကြည့်လိုက်ပါ...............
ငါဆိုတဲ့ကောင်ရဲ့..........အလွမ်းတွေနောက်မှာ....
ဘယ်သူနဲ့မှမတူတဲ့......မျှော်လင့်ခြင်းတွေ...
အချစ်တွေ.....ပါပါလိမ့်မယ်....
ချစ်သူ.........
......အလွမ်းဆိုတဲ့အပ်နဲ့....တစ်ချက်ထိုးတာနဲ့တင်....
ငါ့နှလုံးသားဆွေ့ဆွေ့.....ခုန်နေတယ်....
သွေးစိမ်းရှင်ရှင်ကျမှ.......ရပ်မယ်ဆို....
အပ်နဲ့ထိုးမနေပါနဲ့တော့......
အဆက်ဖြတ်ခြင်းဓားနဲ့တခါတည်း....
အားကုန်ထိုးလိုက်ပါတော့.........

ချစ်သူ...
.........မင်းပျော်မယ်ဆိုရင်....နေ့တိုင်းနေ့တိုင်း...
ငါ့အလွမ်းတွေကို....မြေမကျခံယူပြီး...
မင်းဆီပို့ပေးပါမယ်...
မင်ကျေနပ်မယ်ဆို.......အိပ်မက်တွေကို....
အရည်ဖျော်ပြီး........မင်းသောက်ဖို့...
ကော်ဖီတစ်ခွက်လုပ်ပေးပါ့မယ်......
မင်းလိုချင်တယ်ဆို....ငါ့အချစ်ကို...
မင်းနင်းမယ့်.....လမ်းမှာဖြန့်ခင်းပေးပါမယ်.......

သူငယ်ချင်း တယောက်ရဲ့ ကဗျာ လေးတွေပါ ..:)

ကျနော်တို့နဲ့ အင်းစိန်ထောင်မှာ အတူနေခဲ့တဲ့ ကိုမိုးမြင့် တယောက် မှော်ဘီမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားတယ် ဆိုတဲ့ သတင်းက ကျနော်တို့ဆီကို ၀င်လာတယ်၊ အဲဒီတုန်းက ၁၉၉၆ ခုနှစ် လောက် ထင်တယ်။ ကျနော်တို့ကလည်း ဗမာပြည် ကျောင်းသားလူငယ်များ ပြန်လည် စုစည်းရေး ကော်မတီ (ဗကလစ)ဖွဲ့စည်းပြီး လှုပ်ရှားနေတဲ့ အချိန်၊ ကျနော်တို့ အချင်းချင်းကတော့ ဗကလစ ကို ဗိုလ်ကြီးလှစိန်အဖွဲ့လို့ ခေါ်ပါတယ်၊ ဒါနဲ့ပဲ ကျနော်တို့ မှော်ဘီက ကိုမိုးမြင့်အိမ်ကို လိုက်သွား ကြ မယ်ပေါ့၊

ကျနော်တို့ ၆ ယောက် မှော်ဘီကိုသွားဖို့ပြင်ကြတယ်။ အခုထိုင်းမြန်မာ နယ်စပ်ကိုရောက်နေတဲ့ မောင်မောင် ၀မ်း လည်းပါတယ်။

hartha_27.03.10သွားဖို့ပြင်နေတုန်းမှာပဲ ထောက်လှမ်းရေး ၆ က ဘယ်လိုသတင်းရသွားလည်း မသိဘူး။ ဒါ နောက်မှ ထောက်လှမ်းရေး ၆ က ပြန်ပြောလို့ သိရတာပါ။

ထောက်လှမ်းရေး ၆ က မှော်ဘီရဲစခန်းကို ဖုန်းလှမ်းဆက်တယ်။

“ရန်ကုန်က ကျောင်းသားတွေ မှော်ဘီကိုလာလိမ့်မယ်၊ စခန်းမှာခဏ ခေါ်ထား၊ ထောက်လှမ်းရေး ၆ အဖွဲ့ တွေလည်း ရဲစခန်းကို အခု လာနေပြီ”လို့ ဆက်လိုက်တယ်။

ဒါနဲ့ရဲစခန်းကို ကျနော်တို့ ၆ ယောက် ရောက်သွားတဲ့အချိန်မှာ ရဲစခန်းအ၀င်ဝမှာ ကင်းစောင့်နေတဲ့ ရဲ တပ်ဖွဲ့ ၀င် တယောက်က မေးတယ်။

“ဆရာတို့ ၆ ကလား”တဲ့ ။

ကျနော်တို့ အဖွဲ့ထဲက မောင်မောင်ဝမ်းက ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။

“အေး ၆ က ပဲ”

အဲဒီလို ဖြေလိုက်သံကြားရတဲ့ အချိန်၊ ကျနော့် ခေါင်းကို မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရတယ်။  မောင်မောင်ဝမ်းကို လှမ်းကြည့်တော့ မျက်စိမှိတ်ပြတယ်၊ သူ ဘာမှမပြောလိုက်သလိုပဲ။

ဒါနဲ့ စခန်းမှူးအခန်းထဲကိုရောက်သွားတဲ့ အခါမှာ စခန်းမှူးက -

“ဆရာတို့ ၆ အဖွဲ့ကိုမျှော်နေတာနဲ့ အတော်ပဲ”လို့ ပြောဆိုနှုတ်ဆက်တယ်။

ပြီးတော့ ကော်ဖီနဲ့ကိတ်မုန့်တွေ ချကျွေးတယ်။ ကျနော်တို့ မောင်ကျောင်းသားများကလည်း ၀ိုင်းတွယ်လိုက် ကြတာ တက်တက်စင် ပါလေရော။

စားသောက်ပြီးလို့ စခန်းမှူးနဲ့ ကျနော်တို့နဲ့ သေဆုံးသွားတဲ့ ကိုမိုးမြင့်ကိစ္စကို ပြောကြဆိုကြပေါ့။ စခန်းမှူးကလည်း ရှာဖွေဝရမ်းတွေ အကုန်ထုတ်ပြလိုပြ။ 

ကျနော်ကတော့ ၆ က ဆိုတဲ့ကိစ္စပဲ ခေါင်းထဲရောက်နေတယ်။ ဘယ် အချက် ပြဿနာတက်မလဲပေါ့။

ထင်တဲ့အတိုင်းပါပဲ စကားပြောနေရင်းနဲ့ စခန်းမှူးက ကောက်ခါငင်ကာ ထမေးတယ်။

“ဆရာတို့ ဘယ် ၆ က လဲ”တဲ့။

“ရေနံချောင်း ချောက်ကပါ”လို့  မောင်မောင်ဝမ်း က ပြန်ဖြေလိုက်တယ်။

အဲဒီမှာ စခန်းမှူးမျက်နှာကြီးနီရဲ လာပြီး ရှေ့က စားပွဲကို ဒုန်းခနဲ လက်နဲ့ထထုလိုက်တယ်။

“ခင်ဗျားတို့ကို ၀န်ထမ်း အယောင်ဆောင်မှုနဲ့ တရားစွဲလို့ရတယ်၊ အခုဖမ်းချုပ် လို့ရတယ်”လို့ ဒေါသ တကြီး လည်း ပြောတယ်။

ကျနော့်တို့ မောင်မောင်ဝမ်းကတော့ အေးအေးဆေးဆေးပဲပြန်ပြောတယ်။

“ခင်ဗျားတို့ မေးတုန်းက ကျနော့်ကို ထောက်လှမ်းရေး ၆ ကလားလို့ မေးလို့လား၊ ၆ က လားပဲမေးတော့ ကျနော်က ရေနံချောင်း ချောက်သားပဲ ချောက်ကလို့ပြန်ဖြေတာ မှားလို့လား” တဲ့ ။

စခန်းမှူးလည်း ဘာပြန်ပြောရမှန်း မသိဖြစ်နေတုန်း ခုနက ဂိတ်ဝမှာ ကင်းစောင့်နေတဲ့ ရဲသားလေး က  စခန်းမှူးအခန်းထဲကို အမောတကောဝင်လာပြီး ပြောလိုက်တယ်။

“စခန်းမှူး အပြင်မှာ ၆ က အဖွဲ့ရောက်နေတယ်”

အဲဒီမှာ စခန်းမှူးက ချက်ချင်း ရှေ့က စားပွဲကို ဒုန်းခနဲ တချက်ထပ်ထုပြီး
အော်ပြောလိုက် တာကတော့ -

“လာပြန်ပြီလား ဒီ ၆ ”တဲ့။

ဧရာဝတီ ဆိုဒ်မှပြန်လည် မျှဝေခြင်း

မဟုတ်ရပါဘူး ဒကာမလေးရယ် နဲ့ မှားပါတယ် ဦးပဉ္ဇင်း ရယ်

၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွေဝါရောင်တော်လှန်ရေးကြီးအပြီးမှာ ထိုင်းမြန်မာနယ်စပ်ကို လူအတော်များများနဲ့ ဘုန်းကြီး အတော် များများ ရောက်ရှိလာခဲ့ကြတယ်။ တကယ်တော်လှန်ရေးထဲမှာ ပါခဲ့တဲ့သူတွေရော၊ တကယ်ကံဆောင် ဘုန်းကြီးတွေရော၊ တကယ် ကံဆောင်တဲ့ အထဲမှာ မပါဘဲ နယ်စပ်ကနေတဆင့်
နိုင်ငံခြားသွားချင်တဲ့ ဘုန်းကြီးတွေရော အမျိုးစုံရောက်ရှိလာကြတယ်။ အဲဒီ အထဲက ဘုန်းကြီးတွေနဲ့ ပတ်သက်တဲ့ အမှတ်တရ ရှိမိတာလေးတွေ တချို့ကို ပြန်ပြောပြချင်ပါတယ်။

အဲဒီမှာ တကယ်ကံဆောင်ဘုန်းကြီးလား၊ ကံမဆောင်ဘုန်းကြီးလား မသိတဲ့ ကိုယ်တော်တပါးရဲ့ အကြောင်းကိုပါ။ ဒီဘုန်းကြီးက စက်ရုံတခုမှာ အလုပ်လုပ်တဲ့ မြန်မာမလေးတယောက်နဲ့ တယ်လီဖုန်းထဲကနေ ချစ်သူတွေဖြစ်နေကြတယ်။ လူချင်းတော့ မတွေ့ ဖူးကြဘူးပေါ့။

hartha_24042010အဲဒီလိုနဲ့ ၂ လ လောက်အကြာမှာ စက်ရုံထဲကလူတွေက ကောင်မလေးကိုပြောကြတယ်။

“ကြည့်လည်းလုပ်ဦး နင့် ကိုကို ဆိုတဲ့ သူက ဘုန်းကြီးလို့ သူများတွေ ပြောနေကြတယ်”ပေါ့။

အဲဒါနဲ့ ကောင်မလေးကလည်း ဇဝေဇ၀ါဖြစ်သွားပြီး ည ရောက်တဲ့အခါ ထုံးစံအတိုင်း သူ့ကိုကို ဆီကို ဖုန်းဆက်ပြီးမေးတော့တာပဲ။

“ကိုကို ကိုကို့ကို သူများတွေကပြောနေကြတယ်၊ ကိုကိုကဘုန်းကြီး ဆို ဟုတ်သလား ကိုကို”လို့ မေးလိုက်တဲ့အခါ သူ့ရဲ့ကိုကို
ပြန်ဖြေလိုက်တာကတော့ -

“မဟုတ်ရပါဘူး ဒကာမလေးရယ်” တဲ့ ။

နောက်ထပ် ကိုယ်တော်တပါးနဲ့လည်း အွန်လိုင်းပေါ်မှာ အမှတ်တရ ဆုံခဲ့ပါသေးတယ်။

ဒီလိုနဲ့ တရက် အွန်လိုင်းတက် နေတုန်း ကျနော့်ရဲ့ ဂျီတော့ခ် မှာ တယောက်က အင်ဗိုက်လာလုပ်ထားတယ်။ သူ့ နာမည် ကို ဖတ်လိုက်တော့“အပြာရောင် ရူးသွပ်သူလေး”လို့ အဓိပ္ပာယ်ရတယ်။ နောက် တရက်မှာ အဲဒီ အပြာရောင် ရူးသွပ်သူလေး နဲ့ ကျနော် လိုင်းပေါ်မှာတွေ့ကြပါတယ်။

သူက ဟိုင်း ဆိုတော့ ကိုယ်ကလည်း ဟိုင်းပေါ့။ သူက မြန်မာလို စရိုက်တယ်။

“အမေရိကမှာ အဆင်ပြေရဲ့လား၊ မဲဆောက်ကို ပြန်မလာတော့ဘူးလား”တဲ့။

ကျနော်ကလည်း “အင်း လာပါမယ်” ပေါ့။

စကားတွေကလည်း ဟိုရောက် ဒီရောက် စာရေးပြီး ပြောကြပေါ့။ ရုပ်ရှင်အကြောင်း၊ သီချင်းအကြောင်း၊ အံမယ် နိုင်ငံရေး ကိစ္စ တချို့တောင် နည်းနည်း ပါလိုက်သေးတယ်။ အွန်လိုင်း ချက်တင် တို့ရဲ့ ထုံးစံအတိုင်းပေါ့။

ဒီလိုနဲ့ ၄ ရက်လောက်ရှိလာတဲ့အခါ ကိုယ်က အီစီကလီ စလုပ်တော့မယ်ဆိုပြီး -

“ညီမလေးက ဘယ်ကလဲ၊ မဲဆောက်ကပဲလား”လို့ စာရိုက်မေးလိုက်တဲ့အခါ ပြန်ရိုက်လာတဲ့စာက -

“ဒကာကြီး ထက်ရာဇာ၊ ဦးပဉ္ဇင်း ဦး---- ပါ၊ ------ အဖွဲ့ကြီးကလေ၊ မှတ်မိရဲ့မဟုတ်လား”လို့ ပြန်ရိုက်လာတဲ့ စာကိုတွေ့ရတဲ့ အခါ -

“မှားပါတယ် ဦးပဉ္ဇင်း ရယ်”လို့သာ အသံမထွက်ဘဲ ပြောလိုက်မိပါတော့တယ်။

ဧရာဝတီ ဆိုဒ်မှ ပြန်လည်မျှဝေခြင်း

ဦးလေး အမြည်းနော်

ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်တခုမှာ နေတဲ့ အသက် ၅၀ ကျော်အရွယ် ဦးလေးကြည်လို့ ခေါ်တဲ့ ဦးကြည်နဲ့ အသက် ၃၀ လောက် ရှိတဲ့ သက်နိုင် ဆိုတဲ့ တူအရီး နှစ်ယောက် ရှိတယ်။


ဦးလေးဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်ပြီးတော့ တူဖြစ်သူကတော့ ကျပန်း အလုပ်လုပ်ပါတယ်။

သူတို့ နှစ်ယောက်က အတူနေကြပေမယ့် သဘောထား အမြင်တွေတော့ မတူကြပါဘူး။ မကြာခဏ ငြင်းခုန် စကားများကြ ပါ တယ်။

အခုလည်း တူအရီး နှစ်ယောက် အရက်ဝိုင်းလေး ဖွဲ့မိနေကြပြန်ပါပြီ။
hartha_02042010 သက်နိုင်က သူ့အလုပ်က အပိုကြေးလေး ရလာလို့ ဦးလေး ဖြစ်သူကို အရက်ဖြူလေး နဲ့ ပြုစုမယ်စိတ်ကူးနဲ့ ဒီဝိုင်းလေးဖွဲ့တာပါ။

အရက်နဲ့ မြည်းဖို့လည်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို လက်ဖက်သုပ်(အဘိုးကြီးသုပ်)၊ ကန်စွန်းပလိန်း နဲ့ ကြက်ဥ ဟတ်ဖ်ရိုက် ကြော်လည်း စီစဉ်ထားပါသေးတယ်။

သက်နိုင်က အရက်ကို ဖန်ခွက် နှစ် ခွက်ထဲ ညီတူ မျှတူ ငှဲ့လိုက်ပြီးတော့ သူ့ဦးလေးကို စကား စလိုက်ပါတယ်။

“ကဲ ဦးလေးကြည် ချီးယားစ် ဗျာ၊ ကျနော့် ရှိတာလေးနဲ့ ဖြစ်သလိုပဲ စီစဉ်ရတာ ချလိုက်ရအောင်”

ဦးကြည်ကလည်း အရက်ခွက်ချင်းတိုက်လိုက်ကာ တကြိုက်တည်းမော့ချလိုက်ပြီး လက်ဖက်သုပ် ကို နှိုက်မြည်းလိုက်တယ်။ ပြီးတော့ သက်နိုင် ကိုလည်း ပြောလိုက်ပါတယ်။

“ကောင်းကွာ ၊ ရင်ထဲကို ပူဆင်းသွားတာပဲ၊ မင့်ရှိတာလေးလို့ ဆိုပေတဲ့ စေတနာသာ အဓိကပါကွာ”

အရက်ကဖြင့် သောက်ခါစပဲ ရှိသေး “စ လာပြီ” လို့ သက်နိုင်က တွေးလိုက်ပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ ဦးကြည်က စာတိုပေစလေးကလည်း ဖတ်မှတ်လေ့လာ၊ အာဘောင်အာရင်း သန်သန်နဲ့ ပြောဆို ဆွေး နွေးတတ်တဲ့ ၀ါသနာလေးကလည်းပါ၊ စကားပြေားရင်လည်း တကယ့်ကို အသံကျယ်ကျယ် အာဘောင် အာရင်း သန်သန်နဲ့ ပြော တဲ့လူ။ အဲဒီလိုမျိုး လူ။ သက်နိုင်က တွေ့ဖူးကြုံဖူးတာများပြီမဟုတ်လား။ ဒါပေမယ့် သက်နိုင်က အလိုက်အထိုက် လုပ်လိုက်တယ်။

“ဟုတ်ကဲ့ ဦးလေးကြည်”

အဲဒီလို သက်နိုင်ဆီက လေးစားသမှု ပုံစံပြလိုက်ရင်ပဲ ဦးကြည်က အရက်ကို ကိုယ့်ဘာသာ ဖန်ခွက်ထဲ ငှဲ့ သောက်လိုက်၊ အမြည်း ကိုလည်း လက်နဲ့နှိုက်လိုက်လုပ်ရင်း အသံကျယ်ကျယ်နဲ့ စကားဆက်နေပါတော့တယ်။

“အေး စေတနာ ဆိုတာ တူသော အကျိုးပေးတယ်လို့ ဘုရား ဟောထဲမှာလည်း ပါတယ်မဟုတ်လားကွာ အေ့ ”

ဦးကြည်က အရှိန်ရလာလေပြီ။

“ဟုတ်ကဲ့”

“တဦးက စေတနာ တဦးက မေတ္တာ ဆိုတာလည်း ရှိတယ်မဟုတ်လား”

“ဟုတ်ကဲ့”

သက်နိုင်က အာရုံလွှဲချင်တဲ့ သဘောနဲ့ သူ့ ဖန်ခွက်ထဲ အရက် ငှဲ့ပေးလိုက်တာကို ဦးကြည်က လက်ကာပြီး ပြန်ပြောတယ်။

“ရပါတယ်ကွာ ၊ တော်ပြီလေ တော်ပြီ တော်ပြီ”

တော်ပြီသာ ဆိုတယ်၊ တကယ်တော့ ဦးကြည်လက်က ဖန်ခွက်ကို အုပ်လိုက်တာ မဟုတ်ဘူး၊ သူ့ လက်ဖ၀ါး နှစ်ဘက်ကို ရင်ဘတ်နားမှာ ကတ်ထားပြီးပြောနေတာ။

သောက်ရင်းစားရင်းနဲ့ အရက်လည်း တော်တော် ကုန်သွားပြီ။ အမြည်းတွေလည်း ကုန်တော့မယ်။ သက်နိုင်လည်း အရှိန်ရနေပြီ။

ဦးကြည်က ပုလင်းထဲက အရက်ကို ငှဲ့သောက်ရင်း အမြည်း ပန်းကန်ကို လက်လှမ်းလိုက်ပြန်ပါတယ်။

အဲဒီမှာ သက်နိုင်က ဦးကြည်ကို စပြောလာတယ်။

“ဦးလေး အမြည်း နော်”

“စားပါတယ် ငါ့ တူရ”

အဲဒီလို ဦးကြည်က သူ့ကို သက်နိုင်က အမြည်းမစားမှာ စိုးလို့ သတိပေးတယ်အထင်နဲ့ အမြည်းနှိုက်ဖို့ နောက်တခါ လက်လှုပ်ရှား တဲ့ အချိန်မှာ သက်နိုင်ကလည်း ထပ်ပြောတယ်။

“ဦးလေး အမြည်းနော်”

“စားပါတယ် ငါ့ တူရ”

ဒီလိုနဲ့ အမြည်းက ကုန်ခါနီးဆိုတော့ သက်နိုင်က ထပ်သတိပေးတယ်။

“ဦးလေး အမြည်းနော်”

ဦးကြည်ကလည်း သူ့ကို စားခိုင်းတယ်ထင်ပြီးတော့ စောစောက အတိုင်းပဲ ပြန်ပြောတယ်။

“စားပါတယ် ငါ့ တူရ”

နောက်ဆုံး သက်နိုင် မနေနိုင်တော့ဘူး။

သက်နိုင် ဒေါသ ပေါက်ကွဲပြီး စိတ်ဆိုးမန်ဆိုးနဲ့ ဦးကြည်ကို ပြောလိုက်တာကတော့ -

“ခင်ဗျား စားလွန်လွန်းလို့ ပြောနေတာ၊ အမြည်းက အဲဒါ အကုန်ပဲ မရှိတော့ဘူး”

အဲဒီမှာတင် ထုံးစံအတိုင်း တူအရီး နှစ်ယောက် စကားများပြီး အရက်ဝိုင်းလည်း ပျက်သွားပါတော့တယ်။

ကိုဒဲ့ဒိုး


ဧရာဝတီ ဆိုဒ်မှ ပြန်လည်းမျှဝေပေးလိုက်ပါတယ်

Thursday, May 24, 2012

Flash Soung 11




ရွှေတိဂုံ
ရွှေတိဂုံ(၂)
ဓမ္မဒါန
အမေ-ထူးအိမ်သင်


မ-sample
မ-ပူစူး
မင်းကိုသတိရရင်
တွဲဖက်အပြုံး-ရိန်မိုး
အရမ်းပဲချစ်နေပြီ-ရိန်မိုး
လေပြေ
ဆု
အမေတခုသားတခု
အရမ်းပဲချစ်


ဘယ်သူမှမကောင်းဘူး
ဖြည့်ဆည်းပေးမဲ့သူ
ရိုမီယို
ဂျူးလီးယက်

တောဂေါ်လီ
သူလေး
ရင်ခုန်ဘက်သို့တမ်းခြင်း
ကြွေပါစေ
လမ်းမခွဲကြေး
မင်းနဲ့ငါနဲ့


မေမေ
မင်းအတွက်ပါ
သနပ်ခါးချစ်သူ
အနီးဆုံးလူ
ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ
သင်္ကြန်မိုး
အပြစ်မမြင်ပါဘူး
ကမ္ဘာအပြင်ဘက်
နှလုံးသားရှိတဲ့အရပ်


မျောလွှင့်နေတဲ့တိမ်
မင်းအကြောင်းအိမ်မက်
မိန်းမယူရင်စဉ်းစားကျ
ချစ်သူရင်ခွင်
ချစ်ကံဆိုး
အပြုံးလေး
နတ်သမီး
လမင်းသို့
သီချင်းမဲ့ဂီတာ


အမောပြေ
ဆုတောင်းမယ်
ဆုတောင်းမယ်(၂)
ဟိုအရင်လို
မိုးသည်းထဲမှာ
အမေ
နင်ပြန်လာခဲ့
ပေးဆပ်ခွင့်
အချစ်အတွက်ကံမကောင်းခဲ့သူ


ချစ်တယ်ဟုတ်
ဖန်သားနန်းတော်
ဒို့လည်းလိုက်မယ်
မြတ်နိုးသူအတွက်
ပုံရိပ်လေး
ပြန်တော့ကွယ်
အချစ်ကိုသိချိန်
မင်းတယောက်သာ
မမချစ်လို့မဖြစ်


အမြတ်နိုးဆုံး
ချစ်ခွင့်ရခြင်ပြီ
ခွဲခွာရက်သူ
ဘာကြောင့်လဲ
အတ္တ
ငါ့ကိုပြောပါ
မျှော်လင့်ချက်မဲ့(မျိုးကြီး)
ယုံကြည်ပေးပါ
BellyDancer


ယုံကြည်ပေးပါ(Remix)
အဖြူရောင်လေးပါကွယ်
ရင်ထည်းခိုနားလှည့်ပေါ့ကွယ်
မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး
တိတ်တခိုးအချစ်
စံပါယ်
တခုလောက်ဖြေပေးပါ
ယုံကြည်ခြင်း၂
မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ်


ကမ္ဘာပျက်နေ့
နင့်ကိုငါအချစ်ဆုံး
ကင်ဆာ


ရုပ်သေးရုပ်
ဒီမိုးသည်းချိန်တိုင်းမှာ
ပြန်ဆုံနိုင်ဦးမလား
မင်းနဲ့အတူရှိချင်
ကြွေနေပြီ


တိုကျိုအိပ်မက်
မနှုတ်ဆက်ချင်ဘူး
အာဒံဧဝ
တောင်းပန်ပါတယ်
I Love
U Baby

BabY
Cry On
My

Sailing


HONEY(အာဇာနည်)
ကိုယ့်ရဲ့သက်တန့်ငယ်
အလွမ်းဝင်္ကပါ
 မ
မရှိတဲ့နေ့ရက်များ

 ခါး(အငဲ)
သိမ်းထားခွင့်
WeddingDress
မင်းရှိစေချင်တယ်
ONLYLOVE


ကိုယ်ပိုင်တဲ့ကိုယ့်နေရာ
တန်ဖိုး(လေးဖြူ)
ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ
မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း)
မခေါ်ရက်ဘူး
တက္ကသိုလ်ဘဝ
ဆေးပေးပါ(မျိုးကြီး)
အသဲကွဲဒီဇင်ဘာ
အချစ်အိမ်မက်လေး


ညီမလေးအတွက်
ရိုမီယိုဂျူးလီးယက်
Baby
Gril

တော်ပြီနောက့်
အိပ်မက်ထဲကလူ
ငါ့နဲ့
မင်း

အဖြူရောင်သူငယ်ချင်း
ဖက်ထားမယ်
အဖြည့်ခံ


မိုးဘယ်မှာရွာနေလဲ
ချစ်တယ်ဟုတ်
Bad
girl

ရင်ခုန်နှစ်သစ်
မဟာဆန်သူ
ပန်းချစ်သူ
မမ
ကောင်လေး

ဆုံစည်းခွင့်-ရိုးရာ+ Mc
ဟိန်းထက်

တစ်ချိန်က”မ”


နှုတ်ဆက်သီချင်း
OldService
အဆောင်သူမမ
ပြော
သနပ်ခါး
အချစ်ဝင်္ကပါ
L.O.V.E(Kg Ma Lay)
အရင်ကဇတ်လမ်း
အလွမ်းဝင်္ကပါ


အလွမ်း
ရှင်းပြခွင့်ပေးပါ
Over
You

မိုး
အနားနားဘေးမှာ
မင်းကိုသတိရရင်
Never
Say Never

never
say never2

စိတ္တဇညဆိုးများ


သူငယ်ချင်း
ကိုယ်တယောက်ထဲ
ယုံကြည်တော့အချစ်
ကောင်ကလေးကကောင်မလေးကို
နေရာ
တယောက်သော သူ
အဆုံးမဲ့
အလွမ်းပြေအနမ်း
အချစ်နဲပိုက်ဆံ


နင်တစ်ယောက်တည်း
တို့နှစ်ယောက်အကြောင်း
အေးဆေးဖြစ်သွားပြီ
မညာပါနဲ့


အလွမ်းဆုလဒ်
ဘာဖြစ်ဖြစ်ချစ်
မင်းသိလာမယ် 2
ပြန်မဆုံဖြစ်ကျရင်


နောက်ဆုံး
အမှန်သိခွင့် (ဒိုးလုံး)
ချစ်ခွင့်ရချင်ပြီ
နှစ်ကိုယ်တူချစ်သမျှ
တခါခါ
စိတ်လျှော့လိုက်
ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ
လမ်းကြုံရင်ပြောပေးကြပါ
StayWithMe


ချစ်ခဲ့တာလားရူးခဲ့တာလား
BadGirl
သန်ခေါင်ယံည
နုတ်ဆက်စာ
အလွမ်းပြေအနမ်း

ပြန်မဆုံဖြစ်ကျရင်၂
အချစ်
နှောင့်ယှက်သူ
ပြန်မရဘူး


ငါ့ရင်ခွင်ကို

မေ့တော့မေ့သေးဘူး
မြတ်ဆုမွန်
မကြာခင်မှာကြင်နာမယ်
သံယောဇဉ်
ချစ်သူထားခဲ့တော့
ချစ်ဦးမေ
အချိန်တိုင်းပဲ
နားလည်ပါ


ကြယ်
လွန်ပါစေအလွမ်းညတွေ
လူလည်အာရှသား
ဗုဒ္ဓံ ဓမ္မံ
သံဃံ

ကြေကွဲရလိမ့်မယ်
စိတ်ကူးလွင်ပြင်
KissMe
မ..ကို
မီးအိမ်ရှင်


အလွမ်းပြေအနမ်း
လွမ်းနေပြီ
လွမ်းနေပါတယ်
အလွမ်းနိဂုံး
မင်းချစ်မှချစ်ပါ့မလား
အပြုံးလေး
စိုးရိမ်ရတာပေါ့
မျှော်လင့်ခြင်းအဆုံး
အပြစ်တခုဖန်ဆင်း


ဘ၀ရဲ့လမ်းများ
ခွဲခွါခြင်းနေ့ရက်များ
ငါတော့မှားပြီ
ကိစ္စမရှိဘူး
မင်းနဲ့မဆုံသ၍
တို့နှစ်ယောက်
ပျော်ပါစေ
ဖက်ထားမယ်
မ-မရှိတဲ့နေ့ရက်များ


တွဲလက်များ
ဒီကောင်မလေးအတွက်
ရှင်သန်ခြင်းပြဇတ်
ရွှေရောင်အရှုံး
(အိမ်)
နင်သိရဲ့လား
နေညိုရင်၂
ငါ့ရဲ့အနား
ခိုင်မြဲသောအချစ်


ငါ့ရဲ့လမင်း
ချစ်လို့ရရန်
အလွမ်းပြေအနမ်း၂
မင်းလိုက်ရဲပါစေ
သူငယ်ချင်းချစ်သူ
အင်းယားလမ်းကပန်းဆိုင်
သတိရရ-မရရ
အဖြည့်ခံချစ်သူ
တိတ်တခိုး


နင်မလိုချင်လဲ
လမ်းပျောက်ချိန်
အလွမ်းကဗျာ

Flash Soung 10


သံစဉ်နဲ့ချော့သိပ်ခွင့်


(မမ)
ချစ်တယ်မရေ
အချစ်မှတပါးအခြားမရှိပြီ
တနေ့တော့ချစ်လာလိမ့်မည်
အမေ့
မင်းအကြောင်းအိမ်မက်
တန်ဆောင်တိုင်သီချင်း
အလွမ်းနဲ့ရူးပြီ
နှမြောတယ်


သူလေး
ကောင်းကင်ကအချစ်ငှက်
ဆာဒါငဲယိုး
ခိုနားရာ
အိမ်မက်ကမ္ဘာ
အလွမ်းဝင်္ကဘာ
ပထမအနမ်းသီချင်း
စကားလုံးတွေမလိုဘုး
(နိဒါန်း)   


လေလွှင့်သူ
အာဇာနည်
ငါဆက်ချစ်မယ့်သူ
ရုပ်သေးရုပ်
မျှော်လင့်ချက်မဲ့


ဒီတစ်ခါမခွဲတော့ဘူး
ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း)
မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း)


လက်ခံပေးပါ(၂)မျိုးကြီး
မျိုးကြီး=အတိတ်ရဲ့နွေ


Baby
စပါယ်
အမြဲတန်းယုံကြည်တယ်
သူငယ်ချင်းသံယောဇဉ်
မိန်းကလေးပါ
ဒီဇင်ဘာည၂


ပြည့်စုံလွန်း
အသိအမှတ်ပြုပါ
ကြယ်ကြွေကောင်းကင်
Congratulation
ညီမလေး
မကြင်နာလေသူသို့
အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့
ပထမအနမ်း
ချစ်သူသိပါစေ


နင်မသွားခင်
နှမြောတယ်
မျှော်လင့်မိတဲ့ငါ့နတ်သမီး
လမ်းခွဲ
နောက်ဆုံးပေါ့
Baby-(Mc Wai
Lin)

ရင်ထဲကလာတဲ့သီချင်း
ကော်ရုပ်လေး
လွမ်းဆွတ်ခွင့်


ချစ်သူ-ရိန်မိုး
ကမ္ဘာကျော်တဲ့စိတ်ကူး
အချစ်
စန္ဒီမြင့်လွင်-မနီးစပ်ခြင်းပါ
ချက်တင်ထဲကကောင်မလေး
THEPOWEROFLOVE
အချစ်တန်ခိုး(အာဇာနည်)
I.M.fd
ချစ်ခဲ့တာလား
ရူးခဲ့တာလား



အလွမ်းဆုလဒ်
ကြိုစေချင်တယ်
ငါ့နေရာ
Justin
Bieber@baby

Radio
ပေးခဲ့တဲအလွမ်း

နေ၀င်ချိန်
အဝေးကချစ်သူ


NEVER
BE REPLACED




အင်းလေးမှာရွာတဲ့မိုး
ငါချစ်တာမင်းပဲ
နေညိုရင်
ပူစီ
ချစ်သူကို
ချမ်းမြေ့ပါစေ
စိတ်ကူးယဉ်အနမ်းများ
နွေဦးကဗျာ


မိုးသိပါစေ
ဘ၀ချင်းခြားလည်းချစ်
ပုဂံဘုရားဖူး
မမကြောင့်
ညစဉ်ညတိုင်း
မြူမှောင်ဝေကင်း
နှစ်ပါတ်လည်
ကောင်မလေး
နောက်ဆုံးရင်ခွင်


မလွမ်းပဲမနေနိုင်ဘူး
လုံးဝမမေ့သေးဘူး
အိမ်-ဓီရာမိုရ်
လမ်းဆုံ
ကိုကိုက
တမိုးအောက်
ယုံပါရင်သို့
ဒီတညတော့
ဟင့်အင်းအမေကဆူလိမ့်မယ်


တခါထဲချစ်ချင်လို့ပါ
ထူးဆန်းလွန်းတဲ့အချစ်
ပြော
ကြွေသူနှစ်
ကောက်သူတစ်

စာမျက်နာ
၁၅

မျက်နာများတဲ့မောင်
ဒီလမ်းမကြီးရဲ့
ဘေး

အင်းယားသို့
နှစ်ပတ်လည်(၂)


မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ်
ပြန်လာပါကွယ်
သူသိပါကွယ်
All out of
love

စလုံးကချစ်သူ
ပတ်သက်ခွင့်ပြုပါ
တကယ့်ပုံပြင်
ကောင်မလေး
တယောက်သောသူအတွက်


မင်း
မရေရာဘူး
မအေးကိုချစ်လို့
ဆက်ချစ်ခွင့်ပေးပါ
ညှို့နှိင်လွန်းတဲ့သူ
ခွင့်ပြုတယ်ခွင့်လွှတ်တယ်
ကြိုပြီးတောင်းပန်တယ်
ရဲလေး
သီချင်း

ရီးစားထားတဲ့အရွယ်


အချစ် =
အချစ်

သီးသန့်ဖြစ်တည်မူ
ကိုကို့စိတ်ကူး
မမက
တကယ်ဆိုအချစ်ဘဲလိုတယ်
ကြယ်ကြွေကောင်းကင်
အချစ်များသူ့ဆီမှာ
ပြန်တွေးကြည့်
ဝေးပြီးတဲ့နောက်


တစ်နေ့တော့
လမင်းသစ်ပင်
ပက်သက်ခွင့်ပြုပါ(Bunny
Phyo)
 

ကမ္ဘာငယ်လေး
မသိချင်ယောက်ဆောင်မျက်နှာလွဲ 
ခိုနားရာ
ကောင်ကလေးကကောင်မလေးကို 
ထာဝရပက်သက်ခွင့်ပြုပါ


ချစ်သူ
နားနားဘေးမှာ
ပျံသန်းသွားတော့
ဟုတ်လို့လား
Never
Be Replaced

ချစ်မိနေပြီ
နိုးတစ်ဝက်အချစ်
အချစ်အတွက်ကိုယ်စား


ငါ့ရဲ့အနား ၂
ဝေးသွားတဲ့အခါ
မီးအိမ်ရှင်
ငါ့နေရာ
Anywhere for you
Justin
Bieber(Baby)

သီရိသူ
ဒီဇင်ဘာည
ဒီဇင်ဘာည၂


ငါမှားလားမင်းမှန်လား
ဆေးကျောင်းသား
တကယ်ဆိုရင်
အမေ
စွန့်လွှတ်ခက်သူ
နင်စေရင်
အနှိုင်းမဲ့
ရင်ဘတ်ထဲက
အနိုင်မယူသူရဲ့အရှုံး


RIGHTHEREWAITINGFORYOU
YMBG
GROUP

ချစ်တယ်
မင်းနဲ့အတူတူ
မဆုံနိုင်ခြင်း(ညီမှူးအိမ်)
တစ်ကယ့်ပုံပြင်-ရိုးရာ
မိုး-ရိုးရာ
မျက်နာ
လပ္ပပ်ါပဲါကဆံင်(မွန်သီချင်း)


ပူစူး=တစ်မိုးအောက်
ကြိုးကြာ=တိတ်တိတ်လေး
ဘယ်သူ့အတွက်လဲ
မေ့လို့မရသေးဘူး
ဒို့နှစ်ယောက်
မဝေးတဲ့ချစ်ခြင်း(Nကိုင်ရာ)
ငါဝအောင်ငိုမယ်၂
နင်မေ့လို့ရပြီလား
၁၆နှစ်အချစ်


မေ့လိုက်
အမြဲရှိနေပါ-ရဲလေး
ကောင်မလေးသို့-OAKKAR
အချစ်ရူးလေး-ထက်ယံ
အေးသင်ချိုဆွေ=ပြိုလဲကြေကွဲ
အတူတူဆိုရင်
ကျိန်ပြောတတ်သူ
ဖြည့်ဆည်းပေးသူ
February14(February
မှတ်တမ်း)



လူကြမ်းတယောက်ရဲ့အဆွေး
ငါ့အတွက်မကြည့်ပါနဲ့
တကယ့်ပုံပြင်
ဟန်ထွန်း =လွမ်းသူအကြောင်း
ဖက်ထားးမယ်
Angel
နတ်သမီး

သူငယ်ချင်းအချစ်
ကမ္ဘာငယ်
ရင်ဘတ်ထဲကလူ


အဝေးကချစ်သူ
ငါမင်းအတွက်
FavoriteGirl
ငါဝအောင်ငိုမယ်
ငရုပ်သီး
မင်းပြန်လာမဲ့ရက်
SomebodyToLove
ဖွဲမီး
ကောင်းကင်မေမေ

ကျွန်တော် ၏ Blogger ဆိုဒ်ကလေးကိုရောက်လာသူအပေါင်းအားလုံး ကိုယ်စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့၏ပါစေလိုဆုမွန်ကောင်း တောင်းလိုက်ပါတယ် လိုအပ်ချက်များ နှင့်အကူအညီများရှိပါကwhiteheartcity.blogger@gmail.com သို့ ဆက်သွယ်အကြံပေး မေးမြန်းနိုင်ပါသည်
နာမည် ဆက်သွယ်ရန် EMAIL
ကြယ်လေး whiteheartcity.blogger@gmail.com sl.northernstar@gmail.com sorkyibel@gmail.com
ကျွန်တော် ၏ Blogger ဆိုဒ်ကလေးတွင် မိမိတို့၏Flash Soungများကိုတင်ပြလိုပါ အထက်ဖော်ပြအကောက်များ ကိုဆက်သွယ်နိုင်ပါသည်ခင်ဗျာ...