'

Featured Posts

ငွေလဲနူန်းတွေတွက်မယ်

ကျွန်တော် ၏ Blogger ဆိုဒ်ကလေးပြုပြင်ဆဲကာလဖြစ်ပါသောကြောင့် လိုအပ်တာများ လုပ်မရသောအရာများ ရှိပါက sl.northerstar@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်...ခင်ဗျာ....

Monday, April 23, 2012

ဟက်ကာ


ပင်တဂွန် email စနစ်ထဲ hacker ၀င်နှောက်ယှက်

အမေရိကန် စစ်ဋ္ဌာနချုပ် ပင်တဂွန်၏ လုံခြုံရေး အဆင့်သတ်မှတ်ထားခြင်း မရှိသော email စနစ်ထဲသို့ကွန်ပြူတာ heaker တစ်ဦးက ၀င်ရောက်ထိုးဖေါက် နှောင့်ယှက်မှုကြောင့် သက်ဆိုင်ရာအာဏာပိုင်များက အမေရိကန် ကာကွယ်ရေး ဋ္ဌာန၏ email စနစ်မှ အသုံးပြုသူ ၁၀၀၀ မှ ၁၅၀၀ ကိုချက်ချင်း ပိတ်ပစ်ခ့ေဲ ကြာင်း ကာကယ်ွရေး ၀န်ကြီး ရောဘတ်ကိတ်က ပြောကြားခဲ့သည်။၎င်းထိုးဖေါက်နှောင့် ယှက်မှုကြောင့် ကြိုတင်သတိပေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။ဗုဒ္ဓဟူးနေ့ကလည်း အမေရိကန် အစိုးရ၏ အဓိက   အေဂျင်စီ တစ်ခုဖြစ်သော Homeland Securityဋ္ဌာန၏ ကွန်ပြူတာများကိုလည်း hacker များက ၀င်ရောက်နှောင့်ယှက်မှုများ ရှိခဲ့သည် ဟုဆိုသည်။



          ပင်တဂွန်၏ email စနစ်သည် ပုံမှန် email လုပ်ငန်းကို အုပ်ချုပ်ရေးနည်းလမ်းအရ လုံခြုံရေးအဆင့်မသတ်မှတ်ဘဲ ဖွင့်လှစ်ထား ရှိခြဲ့ခင်းဖြစ်ပြီး လုံခြုံရေး အဆင့်သတ်မှတ်ထားသော စစ်ဆင်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မပါ ၀င်ကြောင်း ပင်တဂွန် စစ်ဋ္ဌာနချုပ်မှဗိုလ်မှူးကြီး ဂယ်ရီကက် ကပြောသည်။အဆိုပါ ကွန်ပြူတာ hacker ၏ ရင်းမြစ်နှင့် ၎င်း hecker က ပင်တဂွန်၏ email များကို ဖတ်နိုင်ခဲ့မှုရှိမရှိနှင့် ပတ်သက်၍မူ ပင်တဂွန်က ဝေဖန်ပြောကြားခြင်း မရှိခဲ့ချေ။ပင်တဂွန် ကွန်ပြူတာများတွင် ယခုကဲ့သို့ ၀င်ရောက်နှောင့်ယှက်မှုများ မကြာခဏ ကြုံတွေ့ခဲ့ရကြောင်းရောဘတ်ဂိတ်က ပြောကြားခဲ့သည်။


ကွန်ပြူတာ သရဲတစ်ကောင် Mac ကွန်ပြူတာsystem ထဲ ထိုးဖောက်ဝင်ပြပြီး ဆုကြေး ဒေါ်လာ10000 ယူသွား

ဗန်ကူဗား CanSecWest security conference မှာ လုပ်ခဲ့ တဲ့ ဧပရယ် ၂၀ ရက်နေ့ ပြိုင်ပွဲမှာကွန်ပြူတာ သရဲ တစ်ယောက်က Mac ကွန်ပြူတာ system ထဲကို အောင်မြင်စွာ ထိုးဖောက်ဝင်ရောက် ပြခဲ့ ပြီး ဆုငွေ ဒေါ်လာ 10000 ရယူ သွားပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရသွား တဲ့ ပရိုဂရမ်မာက Apple ထုတ်တဲ့ safari ဘရိုဇာ ရဲ့ ဟာကွက် တစ်ကွက် ကို ထုတ်ဖေါ်ပြသွားတာပါ။လက်ရှိအသုံး ပြုနေကြတဲ့ OS X တိုင်းမှာ အဲဒီဟာကွက် ရှိနေတယ်လို့ အဲဒီပဲကွို စီစဉ်တဲ့ SeanComeau အတည်ပြု ပြောခဲ့ပါတယ်။
ပြိုင်ပွဲစီစဉ် ဖြစ်တဲ့အဓိက ရည် ရွယ်ချက် ကတော့ Mac ကွန်ပြုတာရှိ ထိုးဖောက်ခံရဖို့ အလားအလာရှိတဲ့ လုံခြုံရေးဆိုင်ရာ ဟာ ကွက်ပျော့ကွက်တွေကို သတိပြုသိရှိပြီးပိုမိုအာရုံစိုက်လာကြအောင်လို့ပဲဖြစ်တယ်လို့ Dragos Ruiu ကပြောခဲ့ပါတယ်။ သူဟာ ဒီပွဲအပါအ၀င်အလားတူ security conferences တွေကို ဦးဆောင် စီစဉ်နေသူ တစ်ယောက်လည်းဖြစ်ပါတယ်။

ပြိုင်ပွဲ အစ  မှာတော့ Macs ကွန်ပြုတာ နှစ်လုံး မှာ တစ်လုံး ကို ဘာပရိုဂရမ် မှ Run မထားပဲဝါယာလက်နဲ့ ချိတ်ပေးထားပြီး ဟက်ကာ   တွေ ကို ထိုးဖောက်ကြဖို့ ဖိတ်ခေါ်ခဲ့ တာပါ၊ ဒါပေမယ့်တစ်ယောက်မှ လက်စမွ်းမပြနိုင် ခဲ့ ကြပါဘူး၊ ဒါနဲ့ ပွဲစီစဉ်သူတွေက နောက် Macs တစ်လုံးမှာ ဘရိုဇာသုံးပြီး URL တွေ အီးမေးလ်နဲ့ ပို့တာကို ခွင့်ပြုလိုက် ပါတယ်။အဲဒီမှာဘဲ နယူးရောက်မှာ ရှိနေတဲ့ Dino Di Zovie က ဟာကွက်ဖြစ်နေတဲ့ အပေါက်ကို ၀င်နိုင်မယ့်URL အရှည်ကြီး ကို ပို့လာပါတော့တယ်၊ ပြိုင်ပွဲ ရဲ့ စည်းကမ်းချက်က ဗန်ကူးဗားပြိုင်ပွဲ မှာ ရှိနေသူတွေပဲ အကြုံးဝင်တာမို့ ဒီမောင် က ပွဲထဲမှာ ရှိနေတဲ့ သူ့သူငယ်ချင်း တစ်ယောက်ကနေ တစ်ဆင့်ခံ
ပို့လာပြီး တော့ လက်စွမ်း ပြသွားတာပါ။

သူရဲ့ URL ကိုဖွင့်လိုက်ရင်တော့ ဘာမှမရှိတဲ့ စာမျက်နှာ ကိုပဲ တွေ့ ရတာပါ၊ ဒါပေမယ့် safari ဘရိုဇာရဲ့ အဲဒီ ဟာကွက် ကြောင့် ဟက်ကာ တစ်ယောက် အနေနဲ့ Mac ကွန်ပြူတာ ကို နည်းလမ်းမျိုးစုံနဲ့လိုသလို ကိုင်တယွ် အသုံးချလို့ ရတဲ့ အနေအ ထား   ဖြစ် သွားပါတယ်၊ Dino Di Zovie ကတော့ backdoor ကိုဖွင့်တဲ့ နည်းကို ပဲ သုံးပြီး Mac ကွန်ပြူတာ ထဲမှာ ရှိနေတဲ့ အချက်အ လက်တွေ ကိုရယူပြသွားတယ်လို့ Comeau ကပြော ခဲ့ပါတယ်။ဒီ ဟာကွက် ကိုတော့ တရားဝင် ထုတ်ဖေါ်သွားမှာ မဟုတ်ပါဘူး၊ ဒီ အချက်အ လက်တွေကို Apple ကိုဘဲ ပေးပို့သွားမှာ ပါလို့ ဆုကြေးစီစဉ်ပေးတဲ့ 3Com Corp’s ရဲ့ TippingPoint division ဆိုပါတယ်။
Mac အသုံးပြု ကွန်ပြူတာတွေဟာ Window တွေလောက် အတိုက်အခိုက် မခံ ရဘူး ဆိုတဲ့ နေရာမှာMac ကွန်ပြူတာ အလုံးရေဟာ Window နဲ့ ယှဉ်ရင် အတော်နည်းတာ က လည်း အချက်တစ်ချက်ပါ၊

ပြီးတော့ Mac အသုံးပြုတဲ့ ပလက်ဖောင်း က Window လောက် ကျယ်ကျယ် ပြန့် ပြန့် မရှိတာကလည်း ဟက်ကာ တွေ အနေနဲ့ သိပ်ပြီး အာရုံ မကျစေတာပါ၊ အခုဒီပွဲ မှာ တော့ ဆုကြေးငွေကဟက်ကာ တွေရဲ့ စိတ် အာရုံကို နှိုးဆွစေ ခဲ့တာလို့ TippingPoint ရဲ့ ကွန်ပြူတာ လုံခြုံရေး ဆိုင်ရာမန်နေဂျာ Terri Forslof ဆိုပါတယ်။
ဗြိတိန်နိုင်ငံသားဟက်ကာ၏ အယူခံဝင်ခွင့်ကို ပယ်ချခံရ
အမေရိကန်၏ စစ်ဘက်ဆိုင်ရာ သတင်းများအား ၀င်ဖောက်သူဟု စွပ်စွဲ ခံရသော ဗြိတိန် နိုင်ငံသားကွန်ပျူတာ ဟက်ကာ တစ်ယောက် သည် ၎င်းအား အမှု စစ်ဆေးရန် အတွက် အမေရိကန်နိုင်ငံသို့အပ်နှံရေး ကိစ္စနှင့် ပတ်သက်၍ အယူခံဝင်ရာ ပယ်ချခြင်း ခံရကြောင်း သတင်းရရှိသည်။ဗြိတိန်နိုင်ငံသား ဟက်ကာတစ်ဦး ဖြစ်သူ "ကရေး မတ်ကင်နို" သည် ၂၀၀၂ ခုနှစ်တွင်ဖမ်းဆီးခံ  ခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် အမေရိကန် အစိုးရဘက် ဆိုင်ရာ ကွန်ပျူတာများ ဖြစ်သောပင်တဂွန်၊ အမေရိကန် ကြည်းတပ်၊ ရေတပ်နှင့် NASA မှ ကွန်ပျူတာ System များဆီသို့ တရားမ၀င်ဝင်ရောက်ပြီး ဒေါ်လာ ၇၀၀၀၀၀၀ ဖိုး ဖျက်ဆီးခဲ့သည်ဟု အမေရိကန် အစိုးရက စွဲချက်
တင်ခဲ့လေသည်။"မတ်ကင်နို" ၏ အယူခံဝင်ခြင်းကို ဗြိတိန်နိုင်ငံ၏ တရားသူကြီးချုပ် နှစ်ဦးမှ ပယ်ချခဲ့ခြင်းဖြစ်ပြီးအမေရိကန် နိုင်ငံသို့ အပ်နှံသင့်သည်ဟု အမိန့်ချမှတ်ခဲ့သည်။
ထို တရားသူကြီးချုပ် နှစ်ဦးအနက်မှ "လော့ဒ် ဂျတ်စတင် မော်ရိုက်ကေး" က " မစ္စတာ မတ်ကင်နိုရဲ့ အပြုအမူဟာ တမင် ကြိုတင်ကြံ စည်ခဲ့တာ ဖြစ်ပြီး အမေရိကန်အစိုးရရဲ့ ကွန်ပျူတာထဲက သတင်းအချက်အလက်တွေ၊system တွေ၊ program တွေရဲ့ လုပ်ဆောင် ချက်တွေ၊ ယုံကြည်စိတ်ချမှုနဲ့ လုံခြုံမှု အပိုင်းတွေကိုယုတ်လျော့စေတာပါပဲ။ ဒါကြောင့်မို့ သူ့ရဲ့ အယူခံဝင်မှုကို စဉ်းစားပေးစရာ ဘာ အကြောင်းပြချက်မှမရှိပါဘူး။" ဟု ပြောကြားသွားလေသည်။

"မတ်ကင်နို" ရဲ့ ရှေ့နေကလည်း ဒီလို အမေရိကန် နိုင်ငံရဲ့ လက်ထဲ ထိုးထည့်လိုက်တာဟာလူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်ပြီး စစချင်းမှာပဲ ဒီလို အကြမ်းနည်းနဲပ မဖြေရှင်းသင့်ပါဘူး။အများပြည်သူရဲ့ ဆန္ဒနဲ့ နိုင်ငံရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားသင့်တယ် ဟု လျှောက်လဲခဲ့သည်။"မတ်ကင်နို" ၏ ဟက်ကာ အမည်မှာ "ဆိုလို" ဖြစ်ပြီး သူက အမေရိကန် အစိုးရ၏ ကွန်ပျူတာများကို
တရား  မ၀င် ၀င်ရောက်မိသည်ဟု ၀န်ခံခဲ့သော်လည်း ဖျက်ဆီးမှု မလုပ်ခဲ့ဟု ငြင်းဆိုလျက် ရှိသည်။
၎င်း၏ ပြစ်မှု ထင်ရှားခ့ပဲါက "မတ်ကင်နို"   အနေဖြင့် ထောင်ဒဏ် နှစ် (၇၀) ကျခံရမည် ဖြစ်ပြီးဒဏ်ငွေအဖြစ် ဒေါ်လာသန်းပေါင်း (၁.၇၅) ကျော် ပေးဆောင်ရမည် ဖြစ်သည်။ "မတ်ကင်နို" က သူအခုအချိန်ထိ ဗြိတိန် လွှတ်တော်ခုံရုံးတွင် အယူခံဝင်နိုင် ရန် မျှော် လင့်ဆဲ ဖြစ်ကြောင်းပြောကြားသွားခ့ေဲ လသည်။

Merkel ၏ လက်ဗွေရာအား ထုတ်ဖော် ပြမည်ဟု“ဟက်ကာ” အုပ်စု ခြိမ်းခြောက်
အလုံးစုံ ပျက်စီးရေး ကွန်ပျူတာအဖွဲ့ (CCC) မှာ ဂျာမနီနိုင်ငံ၏ သက်တမ်း အရှည်ဆုံးနှင့်အကြီးဆုံး ဟတ်ကာ အဖွဲ့အစည်း ဖြစ်ပြီး ဂျာမန် ဝန်ကြီးချုပ် Angela Merkel ၏ လက်ဗွေရာအားအစိုးရ၏ နိုင်ငံကူး လက်မှတ် အသစ် ထုတ်ပေးခြင်း စနစ်အရ ဇီဝ စနစ်သုံး သတင်း
အချက်အလက်များ အပေါ် မကျေနပ်သဖြင့် လူထု ပရိတ်သတ်ထံသို့ ထုတ်ဖော်ပြမည် ဖြစ်ကြောင်းခြိမ်းခြောက် လိုက်သည်ဟု မီဒီယာ သတင်းများ တွင် အင်္ဂါနေ့က ရေးသား ပါရှိသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ ၂၀၀၇ ခုနှစ်က စတင်ထုတ်ပေးခဲ့သည့် နိုင်ငံကူး လက်မှတ်များတွင်ဇီဝနည်းသုံး ချပ်(စ်)ပြားတွင် ကိုင်ဆိုင်သူ၏ လက်ဗွေရာအား ထည့်သွင်း ထားပြီး လူဝင်မှု့ ကြီးကြပ်ရေးတာဝန် ရှိသူများမှ အလွယ်တကူ စစ်ဆေးနိုင်ရန် စီမံထားကြောင်း သိရသည်။
အထက်ပါ ကိစ္စနှင့် ပါတ်သတ်ပြီး (CCC) မှ ပြောရာတွင် လက်ဗွေရာ စစ်ဆေးသည့် ကိစ္စမှာ လူတစ်ယောက်စီ၏ အမှတ်အသား ကိစ္စတွင် အလွန်လွယ်ကူကြောင်းနှင့် စုဆောင်းရသည်မှာလွယ်ကူသည့် အပြင် ပြန်လည် ပြုလုပ်ရသည်မှာ လည်း လွယ်ကူကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် ၎င်းတို့၏ ဝက်(ဘ်) ဆိုဒ်ထဲတွင်လည်း လက်ဗွေရာ အတူအား မည်သို့ ပြုလုပ်ရသည်ကိုအဆင့်၁၂ဆင့် ဖြင့် ရှင်းလင်း   ပြထားကြောင်း သိရသည်။
အဓိက ပြဿနာမှာ ယင်းလက်ဗွေရာ လုပ်ဆောင်သည့် ကိစ္စ ဖြစ်ကြောင်းနှင့် ယင်းဇီဝ နည်းစနစ် လက်ဗွေရာမှာ လုံခြုံရေးကို ကောင်းစွာ အထောက် အကူမဖြစ်ကြောင်း (CCC) မှ စနေနေ့တွင်ပြောကြား လိုက်သည်။

Hack/Crack
Microsoft's ထုတ် JavaScript ဖြစ်တဲ့ jScript တွေနဲ့ ECMAScript တွေကို လည်းအသုံးပြုကြပါတယ်။ တစ်ခါတစ်ရံမှာ XSS တွေဟာ Sun Microsystems's Java, Microsoft'sActiveX ,VBScript, Adobe's Flash, ActionScript တွေနဲ့ RSS Atom feeds တွေထိ ၀င်ရောက်နိုင်ပါတယ်။ XSS တွေကို 1990 ခုနှစ် ၀န်းကျင် လောက်က ပေါ်ပေါက်ခဲ့တယ်လို့ခန့်မှန်းကြပါတယ်။ နာမည်အကြီးဆုံး Cross-site scripting တွေတိုက်ခိုက်ခံရတဲ့ websiteတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ အချစ်တော် Google search engine ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။

Google နဲ့ Yahoo တို့ရဲ့ email services, Social networking မှာ နာမည်ကြီးတဲ့ Facebook,Myspace နဲ့ Australia ရဲ့ အစိုးရထာဌာနတွေ Italian နဲ့ German တို့ရဲ့ bank လုပ်ငန်းမှာအသုံးပြုနေတဲ့ paypal account တွေ၊ sourceforge.net, Netscape, Nokia နဲ့ eBay တို့ရဲ့cusumer တွေ Microsoft Xbox, Obama dicussion forum တွေနဲ့ အခြားခြား နာမည်ကြီး siteပေါင်းများ  စွာ တိုက်ခိုင်ခြင်း ခံခ့ရဲ ပါတယ်။ MediaWiki ကလည်း wikipedia နဲ့ အခြား wiki များမှာရှိတဲ့ user တွေကို ကာကွယ်ဖို့ MediaWiki ရဲ့ XSS တိုက်ခိုက် မှုခံရနိုင်တဲ့ အပေါက်ပေါင်း 20 ကိုပြုပြင်ခဲ့ရပါတယ်။ 2008 ခုနှစ်မှ စတင်ပြီး browser တွေဟာ blacklisted တွေကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ ထဲ့သွင်း ခ့ပဲါတယ်။
XSS သုံးမျိုးရှိပါတယ်။ ပထမ တစ်မျိုးကတော့ DOMbasedဖြစ်ပါတယ်။ DOM-based ကို Type "0" XSS လို့ခေါ်ပါတယ်။ သူဟာ Html, Xhtml တွေကိုတိုက်ခိုက်ဖို့အတကွ် ရည်ရယ်ွထားတဲ့ Cross-site scripting ဖြစ်ပါတယ်။ Url တစ်ခုကို email ဒါမှမဟုတ် နည်း လမ်း တစ်ခုခုနဲ့ သင့်ဆီ အရောက်ပို့လိုက်ပါတယ်။ ဒီ url ကနေတစ်ဆင့် attackerတွေရဲ့ ထိန်းချုပ်မှု အပြည့်အ၀ရှိတဲ့ url တွေဆီ ဆွဲခေါ်သွားပါတယ်။ Attacker တွေ ထိန်းချုပ်မှုရှိနေတဲ့ url ကိုရောက်တာနဲ့ Html ထဲမှာ ပါဝင်နေတဲ့ java script တွေကတစ်ဆင့် သင့် computerကို ထိန်းချုပ်လိုက်ပါတယ်။ ဒုတိယ နည်းကတော့ Non-Persistent ဖြစ်ပါတယ်။ သူ့ကို Type "1"XSS လို့ခေါ်ပါတယ်။ လက်ရှိတော့ Non-Persistent ဟာ အတွေ့ရအများဆုံး ဖြစ်ပါတယ်။ဒီနည်းလမ်းဟာ user တွေကို အဓိကတိုင်ခိုက်တဲ့ ပုံစံဖြစ်ပါတယ်။ ဒီ ဟာကွက်တွေကို programတွေတောင် ပြဿနာမဟုတ်ဘူးလို့ မှားယွင်းယူစမိလို့ attacker တွေ ပိုမိုအခွင့်အရေးရခဲ့တာဖြစ်ပါတယ်။   
သင်သုံးနေကျ website တစ်ခုက ကြော်ငြာတဲ့ ပုံစံအတိုင်း သင့်ဆီ emailရောက်လာပါတယ်။ အဲ့ဒီအထဲမှာ url တစ်ခုပါပါတယ်။ url ကို သင်က click နှိပ်ပြီး ၀င်လိုက်တာနဲ့သင်သုံးနေကျ website ပုံစံအတိုင်း တွေ့ရပါလိမ့်မယ်။ သင်ဖြတ်သန်းနေကျ ပုံစံအတိုင်း သင်ဟာlogin လုပ်မိလိုက်မယ်။ ဒါဆိုရင် သင့် user name နဲ့ Password ကို attacker တွေ ရရှိသွားပြီးသင့်အယောင်ဆောင် လှုပ်ရှား မှုတွေ ပြုလုပ်နိုင်ပါတယ်။ နောက်ဆုံးနည်းကတော့ Persistentလို့ခေါ်ပါတယ်။ Persistent ကို Type "2" XSS လိုက်လည်း ခေါ်ပါတယ်။ ဒီနည်းလမ်းကို တစ်ဆင့်ခံ တိုက်ခိုက်နည်း လို့လည်း ခေါ်ပါတယ်။ ဒီနည်းလမ်းဟာ စွမ်းအားမြင့် တိုက်ခိုက်မှုတွေကိုတိုက်ခိုက်နိုင်အောင် အခွင့်အရေးပေးတာ ဖြစ်ပါတယ်။
သူ့ပုံစံကတော့ online massager တွေနဲ့တူပါတယ်။ ဥပမာ User တွေကို Html နဲ့ Postတင်ခွင့်ပြုထားပြီး   ဖော်ပြပေးနိုင် တဲ့ site မျိုးမှာ userတွေ ၀ိုင်းရေးကြပါတယ်။ ဒီလို user တွေထဲမှာ attacker တွေက ရောပြီး စိတ်ဝင်စားစရာ postတွေကို XSS နဲ့ တင်ပါတယ်။ အ့ဒဲီ Post တွေကို ဖတ်မိတဲ့ User ဟာ browser ထဲမှာရှိတဲ့ sessioncookies တွေကို attacker ရဲ့ web server ပေါ်ကို ကူးယူချင်းခံ လိုက် ရပါတယ်။ 
ဒီပုံစံအတိုင်းသင့်အရောင်ဆောင်ပြီး XSS ပါတဲ့ Post တွေကို ထပ်တင်ပါတယ်။ ဒီနည်းအတိုင်း user တွေရဲ့ data
တွေ ရယူသွားပါတယ်။ Type "2" XSS မှာ ထူးခြားတာကတော့ PC Application တွေကိုပါ XSSVirus, XSS worm တွေနဲ့ တိုက် ခိုက်နိုင်တာ ဖြစ်ပါတယ်။ Attacker တွေဟာ XSS တွေကိုရေးသားဖို့ web application တွေ အသုံးမပြုပဲ ကိုယ်ပိုင် နည်းလမ်းတွေနဲ့ သာရေးသားတာတွေ့ရပါတယ်။ XSS တိုက်ခိုက်မှုတွေဟာ ဘယ်လောက် ပိရိသလဲ ဆိုရင် နာမည်ကြီး လုံခြုံရေးcompany တွေကိုယ်တိုင် XSS တိုက်ခိုက်မှု ခံရချင်းကို ဝေခွဲရ ခက်နေဆဲ ဖြစ်ပါတယ်။

What is DOS Attack?
Denial-of- services attack (DOS Attack) ကို Distributed denial of services attack (DDOS Attack) လို့လည်း ခေါ်ကြပါတယ်။ DOS Attack ဆိုတာ website တစ်ခု ရှိနေတဲ့ web server ရဲ့ ခံနိုင်ရည်ထက်ကျော်လွန်းပြီး request ပြုလုပ် တိုက်ခိုက် ခြင်းဖြစ်ပါတယ်။ web server မှာ ခံနိုင်ရှိတဲ့ requestထက်ကျော်လွန်ပြီး တစ်ပြိုင်နက် request လုပ်ခံရတဲ့ အခါမှာ web server က ခံနိုင်ရည် မရှိတော့ပဲတစ်ဖြည်းဖြည်း နှေးကွေးလာပြီး    နောက်ဆုံး ရပ်တန့်တဲ့ အထိဖြစ်သွားပါတယ်။ ဒီထက် ပိုရှင်းအောင်ပြောပြရမယ် ဆိုရင်တော့ ကျွန်တော် တို့  Browser တွေကနေ web site လိပ်စာ တစ်ခုကို ရိုက်ပြီး ခေါ်လိုက်တာနဲ့ browser က တစ်ဆင့် web server ကို request လုပ်ပါတယ်။ အဲ့ဒီပုံစံ မျိုးအတိုင်း တစ်စက္ကန့်ကိုrequest 1000 လောက်သာ ခံနိုင်ရည်ရှိတဲ့ web server ကို တိုက်ခိုက်သူတွေက တစ်စက္ကန့်ကို request1000 ထက်ပို ပြုလုပ်ရန် သူတို့ရေးသားထားတဲ့ tools တွေ bot တွေကို အသုံးပြုကြပါတယ်။
ဒီအချိန်မှာweb server ဟာ ခံနိုင်ရည် request ထက်ကျော်လွန် လာတဲ့ အတွက်တစ်ဖြည်းဖြည်း နှေးကွေး လာပြီ ရပ်တန့်သွားပါ  တယ်။ ဒီတိုင်ခိုက်နည်းဟာ band wide, disk space နဲ့ CPU အသုံးပြုနှုန်းတွေကို တိုက်ခိုက် လိုက်ချင်း ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုသူတွေ ဟာ သတင်း အချက်အလက်နဲ့ data တွေကို ခိုးယူရန်အဓိက မဟုတ်ပဲ company သို့မဟုတ် လူတစ်ဦး တစ်ယောက်ကို ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။

Hacker and Cracker
Hacker ဆိုတဲ့ စကားလုံးဟာ computer ဝေါဟာရ မှာတော့ လုံးဝကို အဓိပ္ပါယ် ပြောင်းလဲသွားပါတယ်။Hacker ဆိုတဲ့ အဓိပ္ပါယ် အပြည့် အစုံကတော့ computer လုံခြုံရေး စနစ်ကို လှည့်စားပြီး အနိုင်ယူကြသူများလို့ ဘာသာ ပြန်ထား ပါတယ်  ။ လူတွေ အများစုဟာ hacker ဆိုရင် လူဆိုးတွေ လို့ပဲမြင်နေကြပါတယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ အမြင်မဟုတ် ပါဘူး။ Computer လုံခြုံရေး စနစ်နဲ့ networkပေါင်းများစွာ ကူးလူး ဆက်သွယ်နေတဲ့ connection တွေထဲကို ၀င်ရောက် နှောက်ယှက် တတ်တဲ့ hackerတွေကို black hat hacker လို့ ခေါ်ကြပါတယ်။ Security ပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးတဲ့ hackerများလည်း ရှိပါတယ်။ သူတို့ကိုတော့ white hat hacker များလို့ ခေါ်ပါတယ်။
Gray or Brown hat hackerများလည်းရှိပါတယ်။ သူတို့ကတော့ အကောင်းဘက်ကပဲ ရပ်တည် ပေမယ့် တစ်ခါတရံမှာ မကောင်းမှုတွေကိုလည်း ပြုလုပ်တတ် ကြပါတယ်။Phreaker ဆိုတာလည်း ရှိပါသေးတယ်။ သူတို့ကတော့ Telephone network စနစ်ကို ဖော်ထွင်း သူတွေဖြစ်ပါတယ်။ Cracker ကတော့ Hacker များနဲ့မတူပါဘူး။ System ပိုင်းနဲ့ Security ပိုင်းဆိုင်ရာများကို ဖျက်စီးတတ်ပါတယ်။ သူတို့ဟာ data များကို ဖျက်စီးခြင်း၊ credit card number များ ခိုးယူခြင်း၊ virus များရေးသားဖြန့်လွှတ်ခြင်း နှင့် မြောက်များစွာသော ဖျက်စီးရေး များကို ပြုလုပ် ကြပါတယ်။Cracker များကို Low-Levelhacker များလို့လည်း ခေါ်ကြပါတယ်။
Hack the siteWeb
site တစ်ခုကို ဘယ်လို Hack လုပ်မလဲ လွယ်ပါတယ်။ Hack လုပ်ချင်တဲ့ Site ကို browser ထဲမှာရိုက်ထဲ့လိုက်ပါ။ ဥပမာ www.yourhack.com ပေါ့ loading လုပ်လို့ မဆုံးခင်မှာ ဒီ Code လေးကိုကူးထဲ့ပေးလိုက်ပါ။
[javascript: document.body.contentEditable = 'true'; document.designMode = 'on'; void 0]
လေးထောင့်ကွင်းတွေ ထဲ့ပေးစရာမလိုပါဘူး။ ပြီးရင်တော့ သင်စိတ် ကြိုက်ပြင်နိုင်ပါတယ်။ အားလုံးပြင်လို့ပြီးရင်တော့ ဒီCode   လေးပြန်ကူး  ထည့်လိုက်ပါ။
[javascript: document.body.contentEditable = 'false'; document.designMode = 'off'; void 1]
ပြီးရင်တော့ Url မှာ mouser click ပေးပြီး Esc နှိပ်လိုက်ပါ။ သင်ပြင်ထားတဲ့ အတိုင်း စိတ်ကြိုက် သုံးနိုင်ပါပြီ။
http://cherrymyodaw-elibrary.blogspot.com/2012/02/blog-post_9814.html ယူ၍ပြန်လည်ဖော်ပြသည်..

0 /မှတ်ချက်ပေးခဲ့တယ်:

Post a Comment

သင် ရေးခဲ့သောစာတစ်ကြောင်း ရေးသားသူမှာအားအင်များဖြစ်ထွန်းရပါတယ်...
ဆက်သွယ်လိုပါက whiteheartcity.blogger@gmail.com

ကျွန်တော် ၏ Blogger ဆိုဒ်ကလေးကိုရောက်လာသူအပေါင်းအားလုံး ကိုယ်စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့၏ပါစေလိုဆုမွန်ကောင်း တောင်းလိုက်ပါတယ် လိုအပ်ချက်များ နှင့်အကူအညီများရှိပါကwhiteheartcity.blogger@gmail.com သို့ ဆက်သွယ်အကြံပေး မေးမြန်းနိုင်ပါသည်
နာမည် ဆက်သွယ်ရန် EMAIL
ကြယ်လေး whiteheartcity.blogger@gmail.com sl.northernstar@gmail.com sorkyibel@gmail.com
ကျွန်တော် ၏ Blogger ဆိုဒ်ကလေးတွင် မိမိတို့၏Flash Soungများကိုတင်ပြလိုပါ အထက်ဖော်ပြအကောက်များ ကိုဆက်သွယ်နိုင်ပါသည်ခင်ဗျာ...