This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, May 30, 2012
ထူးထူးဆန်းဆန်းလေများ (၁)
ဒီဒူးရင်းသီးလေးက အထဲမှာ ဒူးရင်းသီးး အသေးလေးတစ်လုံး ထပ်ပါပါတယ် ။ မျိုး ဗီဇပြုပြင်ထားခြင်း မဟုတ်ပဲ အလိုအလျှောက်ပါဝင်နေခြင်း ဖြစ်ပါတယ် ။
ဒါကတော့ အနီရောင် ဒူးရင်းသီးတွေပါ ။ အပြင်ခွံက အ၀ါရောင်ဖြစ် ဖြစ်ပြီး အထဲက အသားအမွှာတွေကတော့ အနီရောင်ဖြစ်နေခြင်းဖြစ်ပါတယ် ။
ပန်းရောင် ငှက်ပျောသီး ဖြစ်ပါတယ် ။ ပုံစံကတော့ပုပု လုံးလုံးဖြစ်ပြီး တောနက်တွေထဲမှာ တွေ့ရလေ့ရှိပါတယ် ။ စားသောက်ဖို့အတွက် အန္တရာယ် ရှိမရှိကိုတော့ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ် ။
သက်တန့် ချိုမှ ကူးယူဖော်ပြလိုက်ပါတယ်
ဆက်ရန်ရှိသေးသည်..........
ရင်ခွင်စူး
အလွမ်းတွေဖန်ဆင်သွားတဲ့ ချစ်သူရေ...
.မေ့ လို့ မရခဲ့ တဲ့မိနစ်တွေကိုချစ်တဲ့ .
..သူသိစေချင်လိုက်တာ....
တိမ်တွေပြိုတိုင်းငိုမိဥိးမှာပါ
မိုးစက်ပြေးတိုင်းငေးမိနေဦးမှာ
အဆုံးမရှိခိုင်မာစွာငြိတွယ်လို့
ရင်ကိုခွဲး အသည်းကိုယူဆောင်
သူရှောင်ပုန်းနေလဲ ..
အမှက်မရှိတဲ့ငါရင်ခွင်ဟာသူပြန်
စောင့် စားမျှော်လင့် 
အသင့် ပါ
တွေးဖို့ တောင်ကြော့က်ခဲ့ ပေမယ့်် 
ဒီလိုအချိန်တွေသေချာပေါက်ရော့က်
ကြိုသိနေပြီးသားပါ.
.ချစ်သူအခုဆို အသည်းကိုထိလို့ မချိအောင်နာကျင်ခံစားနေရပါပြီ.
ချစ်သူ
ထာဝရဆိုတဲ့ ဆုံစည်းမူလေးကို
မျှော်လင့် နေပါရစေ.....ချစ်သူ
တခဏတာမဟုတ်တဲ့ မြက်နိုးမူတွေက
ကိုယ့်တယော့က်အတွက်ဆိုတာ
ချစ်ရသေားကိုယ်သိပါစေ..။
မမေ့ နိုင်ခြင်းတွေနဲ့ လွမ်းနေတယ်
ဆိုတာသိရင်ပြန်လာခဲ့ ပါလား.။
တိုက်ဆိုင်မူတွေကြုံလာရင်
အလွမ်းတွေကမနိုင်မနင်းနဲ့ 
ဝေးနေကြပေမယ့် လည်း
မေ့ ရင်ထဲမှာမဖြေသာပဲးလွမ်းနေဆဲပါ.
ဘယ်ချိန်ထိပဲးကြာကြာ
ကိုယ့် ရဲ့ အချစ်ဆုံးပါလို့ ပြေားခဲ့ တဲ့ 
ကောင်မလေးတယော့က်ကိုတော့
အမြဲးတမ်းသတိရတမ်းတပြီမပြောင်း
ရင်ထဲက အကြောင်းတရား
့နှလုံးလမ်းကြောင်းမှာလည်းအသွား
ငါမရှိခင်ကတည်းကအချစ်ကရှိနေတာ
ငါမရှိတော့ရင်လည်း အချစ်ဆိုတာ ရှိနေမှာပဲ
ငါကငါ အချစ်ကအချစ်
ဒါပေမယ့် လေ....
ကိုယ်မရှိ၇င် မေ့ရဲ့ ဘ၀ဟာလေ
ရင်ထဲးမှာလောင်မီးကျတော့မလို
ညညဆိုလည်းအိပ်လို့ မရ
အိပ်ပြန်တော့လည်းသူ့ အကြောင်းပဲးအိမ်မက်
နာရီတွေထဲမှာ ပိုနေတဲ့ အချိန်တွေများရှိသလားကို့်ကို
ကို့ အကြောင်းလေးနဲ့ ကိုယ့် ရဲ့ နာမည်လေးေ၇ရွတ်မိ၇င်
မေ့ ရဲ့ အသည်းတွေ (ဆက်ခနဲ့  )နေအောင်ခံစားရတယ် ..။
ကို ကသစ်ရွက်လေးဆို မေက ပန်းပွင့် လေးဖြစ်ချင်သူပါ
မေ..ယုံကြည်ပါတယ်။
ရထားက ဘယ်လက်မှတ်ပဲဖြက်ဖြက်
ဘူတာမှာပဲး၇ပ်၇တာပဲ
ကိုနဲ့ မေလဲနီးခြင်းဝေးခြင်းပဲးရှိမယ်
ရင်ထဲကအချစ်တွေကတော့နွယ်တပင်လိ
ရင်နာလွန်းလို့
ဘယ်သူဘာပြေားပြေား သူ့စကားတခွန်းကို
ယုံကြည်ခဲ့တာ
ကိုယ်ယုံကြည်ရတဲ့သူကအစိမ်းသက်
ရင်နာလွန်းလို့ 
ဝေးနေတဲ့တခဏအတွင်းမှာ သူကနောတ့်တယောက်နဲ့တဲ့ 
နှလုံးသားတခုလုံးပုံအေားပြီးချ
လမ်ညာလှည့်စားရက်တယ်
တဘ၀လုံးမျှော်လင်ချင်အပြည့်နဲ့ 
ချစ့်ခဲ့တဲ့ငါ့အတွက်နောတ့်ဆုံး
အသည်းကွဲးခြင်းဆိုတဲ့ လက်ဆောင်လာ
ခံစားရလွန်းလို့ မွန်းကျပ်နေပါပြီ
လက်တွဲးလာတဲ့ တလျှောက်လုံးရိုးသားစွာနေခဲ့ တာ
ငါထက် အစစ ပို့ ချစ်နိုင်မယ့်သူဆိုတော့
ရင်နာရပေမယ့် ခွင့်လွတ်ပေးနိုင်အောင်ကြိုးစာ
မင်းသာပျော်ရွှင်နေမယ်ဆိုရင်
ရင်နာစရာစရာဟာကြင်နာစရာအဖြစ် ပြောင်းလဲးလိုက်ပါ့မယ်....
ချစ်သူ ကဗျာ
နှလုံးသားထဲမှာ..........မင်းပုံရိပ်ကိုထည့်ပြီး.....
မိုင်းထောင်ပေါင်းများစွားကို......တွန်းလှန်နေတဲ့ကောင်...
မြင်ယောင်နေကျ........မင်းရုပ်သွင်ကို...........
အသစ်လိုပြန်နွေးပြီး.......အလွမ်းနာကိုအံတုနေတဲ့ကောင်......
ကြားနေကျ.............မင်းအသံကို........
ပြန်ပြန်ကြားယောင်ပြီး....မနက်ဖြန်ဆိုတဲ့တောင်ကိုတက်မယ့်ကောင်.....
မင်းကြည့်လိုက်ပါ...............
ငါဆိုတဲ့ကောင်ရဲ့..........အလွမ်းတွေနောက်မှာ....
ဘယ်သူနဲ့မှမတူတဲ့......မျှော်လင့်ခြင်းတွေ...
အချစ်တွေ.....ပါပါလိမ့်မယ်....
ချစ်သူ.........
......အလွမ်းဆိုတဲ့အပ်နဲ့....တစ်ချက်ထိုးတာနဲ့တင်....
ငါ့နှလုံးသားဆွေ့ဆွေ့.....ခုန်နေတယ်....
သွေးစိမ်းရှင်ရှင်ကျမှ.......ရပ်မယ်ဆို....
အပ်နဲ့ထိုးမနေပါနဲ့တော့......
အဆက်ဖြတ်ခြင်းဓားနဲ့တခါတည်း....
အားကုန်ထိုးလိုက်ပါတော့.........
ချစ်သူ...
.........မင်းပျော်မယ်ဆိုရင်....နေ့တိုင်းနေ့တိုင်း...
ငါ့အလွမ်းတွေကို....မြေမကျခံယူပြီး...
မင်းဆီပို့ပေးပါမယ်...
မင်ကျေနပ်မယ်ဆို.......အိပ်မက်တွေကို....
အရည်ဖျော်ပြီး........မင်းသောက်ဖို့...
ကော်ဖီတစ်ခွက်လုပ်ပေးပါ့မယ်......
မင်းလိုချင်တယ်ဆို....ငါ့အချစ်ကို...
မင်းနင်းမယ့်.....လမ်းမှာဖြန့်ခင်းပေးပါမယ်.......
သူငယ်ချင်း တယောက်ရဲ့ ကဗျာ လေးတွေပါ ..:)
ကျနော်တို့ ၆ ယောက် မှော်ဘီကိုသွားဖို့ပြင်ကြတယ်။ အခုထိုင်းမြန်မာ နယ်စပ်ကိုရောက်နေတဲ့ မောင်မောင် ၀မ်း လည်းပါတယ်။
သွားဖို့ပြင်နေတုန်းမှာပဲ ထောက်လှမ်းရေး ၆ က ဘယ်လိုသတင်းရသွားလည်း မသိဘူး။ ဒါ နောက်မှ ထောက်လှမ်းရေး ၆ က ပြန်ပြောလို့ သိရတာပါ။
ထောက်လှမ်းရေး ၆ က မှော်ဘီရဲစခန်းကို ဖုန်းလှမ်းဆက်တယ်။
“ရန်ကုန်က ကျောင်းသားတွေ မှော်ဘီကိုလာလိမ့်မယ်၊ စခန်းမှာခဏ ခေါ်ထား၊ ထောက်လှမ်းရေး ၆ အဖွဲ့ တွေလည်း ရဲစခန်းကို အခု လာနေပြီ”လို့ ဆက်လိုက်တယ်။
ဒါနဲ့ရဲစခန်းကို ကျနော်တို့ ၆ ယောက် ရောက်သွားတဲ့အချိန်မှာ ရဲစခန်းအ၀င်ဝမှာ ကင်းစောင့်နေတဲ့ ရဲ တပ်ဖွဲ့ ၀င် တယောက်က မေးတယ်။
“ဆရာတို့ ၆ ကလား”တဲ့ ။
ကျနော်တို့ အဖွဲ့ထဲက မောင်မောင်ဝမ်းက ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။
“အေး ၆ က ပဲ”
အဲဒီလို ဖြေလိုက်သံကြားရတဲ့ အချိန်၊ ကျနော့် ခေါင်းကို မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရတယ်။ မောင်မောင်ဝမ်းကို လှမ်းကြည့်တော့ မျက်စိမှိတ်ပြတယ်၊ သူ ဘာမှမပြောလိုက်သလိုပဲ။
ဒါနဲ့ စခန်းမှူးအခန်းထဲကိုရောက်သွားတဲ့ အခါမှာ စခန်းမှူးက -
“ဆရာတို့ ၆ အဖွဲ့ကိုမျှော်နေတာနဲ့ အတော်ပဲ”လို့ ပြောဆိုနှုတ်ဆက်တယ်။
ပြီးတော့ ကော်ဖီနဲ့ကိတ်မုန့်တွေ ချကျွေးတယ်။ ကျနော်တို့ မောင်ကျောင်းသားများကလည်း ၀ိုင်းတွယ်လိုက် ကြတာ တက်တက်စင် ပါလေရော။
စားသောက်ပြီးလို့ စခန်းမှူးနဲ့ ကျနော်တို့နဲ့ သေဆုံးသွားတဲ့ ကိုမိုးမြင့်ကိစ္စကို ပြောကြဆိုကြပေါ့။ စခန်းမှူးကလည်း ရှာဖွေဝရမ်းတွေ အကုန်ထုတ်ပြလိုပြ။
ကျနော်ကတော့ ၆ က ဆိုတဲ့ကိစ္စပဲ ခေါင်းထဲရောက်နေတယ်။ ဘယ် အချက် ပြဿနာတက်မလဲပေါ့။
ထင်တဲ့အတိုင်းပါပဲ စကားပြောနေရင်းနဲ့ စခန်းမှူးက ကောက်ခါငင်ကာ ထမေးတယ်။
“ဆရာတို့ ဘယ် ၆ က လဲ”တဲ့။
“ရေနံချောင်း ချောက်ကပါ”လို့ မောင်မောင်ဝမ်း က ပြန်ဖြေလိုက်တယ်။
အဲဒီမှာ စခန်းမှူးမျက်နှာကြီးနီရဲ လာပြီး ရှေ့က စားပွဲကို ဒုန်းခနဲ လက်နဲ့ထထုလိုက်တယ်။
“ခင်ဗျားတို့ကို ၀န်ထမ်း အယောင်ဆောင်မှုနဲ့ တရားစွဲလို့ရတယ်၊ အခုဖမ်းချုပ် လို့ရတယ်”လို့ ဒေါသ တကြီး လည်း ပြောတယ်။
ကျနော့်တို့ မောင်မောင်ဝမ်းကတော့ အေးအေးဆေးဆေးပဲပြန်ပြောတယ်။
“ခင်ဗျားတို့ မေးတုန်းက ကျနော့်ကို ထောက်လှမ်းရေး ၆ ကလားလို့ မေးလို့လား၊ ၆ က လားပဲမေးတော့ ကျနော်က ရေနံချောင်း ချောက်သားပဲ ချောက်ကလို့ပြန်ဖြေတာ မှားလို့လား” တဲ့ ။
စခန်းမှူးလည်း ဘာပြန်ပြောရမှန်း မသိဖြစ်နေတုန်း ခုနက ဂိတ်ဝမှာ ကင်းစောင့်နေတဲ့ ရဲသားလေး က စခန်းမှူးအခန်းထဲကို အမောတကောဝင်လာပြီး ပြောလိုက်တယ်။
“စခန်းမှူး အပြင်မှာ ၆ က အဖွဲ့ရောက်နေတယ်”
အဲဒီမှာ စခန်းမှူးက ချက်ချင်း ရှေ့က စားပွဲကို ဒုန်းခနဲ တချက်ထပ်ထုပြီး
အော်ပြောလိုက် တာကတော့ -
“လာပြန်ပြီလား ဒီ ၆ ”တဲ့။
ဧရာဝတီ ဆိုဒ်မှပြန်လည် မျှဝေခြင်း
မဟုတ်ရပါဘူး ဒကာမလေးရယ် နဲ့ မှားပါတယ် ဦးပဉ္ဇင်း ရယ်
နိုင်ငံခြားသွားချင်တဲ့ ဘုန်းကြီးတွေရော အမျိုးစုံရောက်ရှိလာကြတယ်။ အဲဒီ အထဲက ဘုန်းကြီးတွေနဲ့ ပတ်သက်တဲ့ အမှတ်တရ ရှိမိတာလေးတွေ တချို့ကို ပြန်ပြောပြချင်ပါတယ်။
အဲဒီမှာ တကယ်ကံဆောင်ဘုန်းကြီးလား၊ ကံမဆောင်ဘုန်းကြီးလား မသိတဲ့ ကိုယ်တော်တပါးရဲ့ အကြောင်းကိုပါ။ ဒီဘုန်းကြီးက စက်ရုံတခုမှာ အလုပ်လုပ်တဲ့ မြန်မာမလေးတယောက်နဲ့ တယ်လီဖုန်းထဲကနေ ချစ်သူတွေဖြစ်နေကြတယ်။ လူချင်းတော့ မတွေ့ ဖူးကြဘူးပေါ့။
အဲဒီလိုနဲ့ ၂ လ လောက်အကြာမှာ စက်ရုံထဲကလူတွေက ကောင်မလေးကိုပြောကြတယ်။
“ကြည့်လည်းလုပ်ဦး နင့် ကိုကို ဆိုတဲ့ သူက ဘုန်းကြီးလို့ သူများတွေ ပြောနေကြတယ်”ပေါ့။
အဲဒါနဲ့ ကောင်မလေးကလည်း ဇဝေဇ၀ါဖြစ်သွားပြီး ည ရောက်တဲ့အခါ ထုံးစံအတိုင်း သူ့ကိုကို ဆီကို ဖုန်းဆက်ပြီးမေးတော့တာပဲ။
“ကိုကို ကိုကို့ကို သူများတွေကပြောနေကြတယ်၊ ကိုကိုကဘုန်းကြီး ဆို ဟုတ်သလား ကိုကို”လို့ မေးလိုက်တဲ့အခါ သူ့ရဲ့ကိုကို
ပြန်ဖြေလိုက်တာကတော့ -
“မဟုတ်ရပါဘူး ဒကာမလေးရယ်” တဲ့ ။
နောက်ထပ် ကိုယ်တော်တပါးနဲ့လည်း အွန်လိုင်းပေါ်မှာ အမှတ်တရ ဆုံခဲ့ပါသေးတယ်။
ဒီလိုနဲ့ တရက် အွန်လိုင်းတက် နေတုန်း ကျနော့်ရဲ့ ဂျီတော့ခ် မှာ တယောက်က အင်ဗိုက်လာလုပ်ထားတယ်။ သူ့ နာမည် ကို ဖတ်လိုက်တော့“အပြာရောင် ရူးသွပ်သူလေး”လို့ အဓိပ္ပာယ်ရတယ်။ နောက် တရက်မှာ အဲဒီ အပြာရောင် ရူးသွပ်သူလေး နဲ့ ကျနော် လိုင်းပေါ်မှာတွေ့ကြပါတယ်။
သူက ဟိုင်း ဆိုတော့ ကိုယ်ကလည်း ဟိုင်းပေါ့။ သူက မြန်မာလို စရိုက်တယ်။
“အမေရိကမှာ အဆင်ပြေရဲ့လား၊ မဲဆောက်ကို ပြန်မလာတော့ဘူးလား”တဲ့။
ကျနော်ကလည်း “အင်း လာပါမယ်” ပေါ့။
စကားတွေကလည်း ဟိုရောက် ဒီရောက် စာရေးပြီး ပြောကြပေါ့။ ရုပ်ရှင်အကြောင်း၊ သီချင်းအကြောင်း၊ အံမယ် နိုင်ငံရေး ကိစ္စ တချို့တောင် နည်းနည်း ပါလိုက်သေးတယ်။ အွန်လိုင်း ချက်တင် တို့ရဲ့ ထုံးစံအတိုင်းပေါ့။
ဒီလိုနဲ့ ၄ ရက်လောက်ရှိလာတဲ့အခါ ကိုယ်က အီစီကလီ စလုပ်တော့မယ်ဆိုပြီး -
“ညီမလေးက ဘယ်ကလဲ၊ မဲဆောက်ကပဲလား”လို့ စာရိုက်မေးလိုက်တဲ့အခါ ပြန်ရိုက်လာတဲ့စာက -
“ဒကာကြီး ထက်ရာဇာ၊ ဦးပဉ္ဇင်း ဦး---- ပါ၊ ------ အဖွဲ့ကြီးကလေ၊ မှတ်မိရဲ့မဟုတ်လား”လို့ ပြန်ရိုက်လာတဲ့ စာကိုတွေ့ရတဲ့ အခါ -
“မှားပါတယ် ဦးပဉ္ဇင်း ရယ်”လို့သာ အသံမထွက်ဘဲ ပြောလိုက်မိပါတော့တယ်။
ဧရာဝတီ ဆိုဒ်မှ ပြန်လည်မျှဝေခြင်း
ဦးလေး အမြည်းနော်
ဦးလေးဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်ပြီးတော့ တူဖြစ်သူကတော့ ကျပန်း အလုပ်လုပ်ပါတယ်။
သူတို့ နှစ်ယောက်က အတူနေကြပေမယ့် သဘောထား အမြင်တွေတော့ မတူကြပါဘူး။ မကြာခဏ ငြင်းခုန် စကားများကြ ပါ တယ်။
အခုလည်း တူအရီး နှစ်ယောက် အရက်ဝိုင်းလေး ဖွဲ့မိနေကြပြန်ပါပြီ။
သက်နိုင်က သူ့အလုပ်က အပိုကြေးလေး ရလာလို့ ဦးလေး ဖြစ်သူကို အရက်ဖြူလေး နဲ့ ပြုစုမယ်စိတ်ကူးနဲ့ ဒီဝိုင်းလေးဖွဲ့တာပါ။
အရက်နဲ့ မြည်းဖို့လည်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို လက်ဖက်သုပ်(အဘိုးကြီးသုပ်)၊ ကန်စွန်းပလိန်း နဲ့ ကြက်ဥ ဟတ်ဖ်ရိုက် ကြော်လည်း စီစဉ်ထားပါသေးတယ်။
သက်နိုင်က အရက်ကို ဖန်ခွက် နှစ် ခွက်ထဲ ညီတူ မျှတူ ငှဲ့လိုက်ပြီးတော့ သူ့ဦးလေးကို စကား စလိုက်ပါတယ်။
“ကဲ ဦးလေးကြည် ချီးယားစ် ဗျာ၊ ကျနော့် ရှိတာလေးနဲ့ ဖြစ်သလိုပဲ စီစဉ်ရတာ ချလိုက်ရအောင်”
ဦးကြည်ကလည်း အရက်ခွက်ချင်းတိုက်လိုက်ကာ တကြိုက်တည်းမော့ချလိုက်ပြီး လက်ဖက်သုပ် ကို နှိုက်မြည်းလိုက်တယ်။ ပြီးတော့ သက်နိုင် ကိုလည်း ပြောလိုက်ပါတယ်။
“ကောင်းကွာ ၊ ရင်ထဲကို ပူဆင်းသွားတာပဲ၊ မင့်ရှိတာလေးလို့ ဆိုပေတဲ့ စေတနာသာ အဓိကပါကွာ”
အရက်ကဖြင့် သောက်ခါစပဲ ရှိသေး “စ လာပြီ” လို့ သက်နိုင်က တွေးလိုက်ပါတယ်။
ဘာဖြစ်လို့လည်း ဆိုတော့ ဦးကြည်က စာတိုပေစလေးကလည်း ဖတ်မှတ်လေ့လာ၊ အာဘောင်အာရင်း သန်သန်နဲ့ ပြောဆို ဆွေး နွေးတတ်တဲ့ ၀ါသနာလေးကလည်းပါ၊ စကားပြေားရင်လည်း တကယ့်ကို အသံကျယ်ကျယ် အာဘောင် အာရင်း သန်သန်နဲ့ ပြော တဲ့လူ။ အဲဒီလိုမျိုး လူ။ သက်နိုင်က တွေ့ဖူးကြုံဖူးတာများပြီမဟုတ်လား။ ဒါပေမယ့် သက်နိုင်က အလိုက်အထိုက် လုပ်လိုက်တယ်။
“ဟုတ်ကဲ့ ဦးလေးကြည်”
အဲဒီလို သက်နိုင်ဆီက လေးစားသမှု ပုံစံပြလိုက်ရင်ပဲ ဦးကြည်က အရက်ကို ကိုယ့်ဘာသာ ဖန်ခွက်ထဲ ငှဲ့ သောက်လိုက်၊ အမြည်း ကိုလည်း လက်နဲ့နှိုက်လိုက်လုပ်ရင်း အသံကျယ်ကျယ်နဲ့ စကားဆက်နေပါတော့တယ်။
“အေး စေတနာ ဆိုတာ တူသော အကျိုးပေးတယ်လို့ ဘုရား ဟောထဲမှာလည်း ပါတယ်မဟုတ်လားကွာ အေ့ ”
ဦးကြည်က အရှိန်ရလာလေပြီ။
“ဟုတ်ကဲ့”
“တဦးက စေတနာ တဦးက မေတ္တာ ဆိုတာလည်း ရှိတယ်မဟုတ်လား”
“ဟုတ်ကဲ့”
သက်နိုင်က အာရုံလွှဲချင်တဲ့ သဘောနဲ့ သူ့ ဖန်ခွက်ထဲ အရက် ငှဲ့ပေးလိုက်တာကို ဦးကြည်က လက်ကာပြီး ပြန်ပြောတယ်။
“ရပါတယ်ကွာ ၊ တော်ပြီလေ တော်ပြီ တော်ပြီ”
တော်ပြီသာ ဆိုတယ်၊ တကယ်တော့ ဦးကြည်လက်က ဖန်ခွက်ကို အုပ်လိုက်တာ မဟုတ်ဘူး၊ သူ့ လက်ဖ၀ါး နှစ်ဘက်ကို ရင်ဘတ်နားမှာ ကတ်ထားပြီးပြောနေတာ။
သောက်ရင်းစားရင်းနဲ့ အရက်လည်း တော်တော် ကုန်သွားပြီ။ အမြည်းတွေလည်း ကုန်တော့မယ်။ သက်နိုင်လည်း အရှိန်ရနေပြီ။
ဦးကြည်က ပုလင်းထဲက အရက်ကို ငှဲ့သောက်ရင်း အမြည်း ပန်းကန်ကို လက်လှမ်းလိုက်ပြန်ပါတယ်။
အဲဒီမှာ သက်နိုင်က ဦးကြည်ကို စပြောလာတယ်။
“ဦးလေး အမြည်း နော်”
“စားပါတယ် ငါ့ တူရ”
အဲဒီလို ဦးကြည်က သူ့ကို သက်နိုင်က အမြည်းမစားမှာ စိုးလို့ သတိပေးတယ်အထင်နဲ့ အမြည်းနှိုက်ဖို့ နောက်တခါ လက်လှုပ်ရှား တဲ့ အချိန်မှာ သက်နိုင်ကလည်း ထပ်ပြောတယ်။
“ဦးလေး အမြည်းနော်”
“စားပါတယ် ငါ့ တူရ”
ဒီလိုနဲ့ အမြည်းက ကုန်ခါနီးဆိုတော့ သက်နိုင်က ထပ်သတိပေးတယ်။
“ဦးလေး အမြည်းနော်”
ဦးကြည်ကလည်း သူ့ကို စားခိုင်းတယ်ထင်ပြီးတော့ စောစောက အတိုင်းပဲ ပြန်ပြောတယ်။
“စားပါတယ် ငါ့ တူရ”
နောက်ဆုံး သက်နိုင် မနေနိုင်တော့ဘူး။
သက်နိုင် ဒေါသ ပေါက်ကွဲပြီး စိတ်ဆိုးမန်ဆိုးနဲ့ ဦးကြည်ကို ပြောလိုက်တာကတော့ -
“ခင်ဗျား စားလွန်လွန်းလို့ ပြောနေတာ၊ အမြည်းက အဲဒါ အကုန်ပဲ မရှိတော့ဘူး”
အဲဒီမှာတင် ထုံးစံအတိုင်း တူအရီး နှစ်ယောက် စကားများပြီး အရက်ဝိုင်းလည်း ပျက်သွားပါတော့တယ်။
ကိုဒဲ့ဒိုး
ဧရာဝတီ ဆိုဒ်မှ ပြန်လည်းမျှဝေပေးလိုက်ပါတယ်
နာမည် | ဆက်သွယ်ရန် EMAIL | ||
---|---|---|---|
ကြယ်လေး | whiteheartcity.blogger@gmail.com | sl.northernstar@gmail.com | sorkyibel@gmail.com |