ရမလဲဆိုတာကိုကြံဖန်ပြီးတော့သုံးနေရတာတစ်ခါတစ်လေကျတော့လဲစိတ်ညစ်ဖို့ကောင်းတယ်ဗျာ..။လိုချင်
တာကိုလိုက်ရှာရတာလဲခေါင်းတော်တော်မူးတယ်လို့ပြောလို့ရတယ်..။ဒီနေ့တော့ကျွန်တော်ဘာ Keygen ၊
Patch File မှသုံးနေစရာမလိုတော့ပဲ Free သုံးလို့ရတဲ့ Software လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်..။
Free OCR Software
ဒီကောင်လေးကတော့ကျွန်တော်တို့ Image File တွေ ၊ PDF File တွေကို Microsoft Word သို့
Convert လုပ်ပေးနိုင်တဲ့ကောင်လေးဖြစ်ပါတယ်..။အသုံးပြုရတာလဲလွယ်ကူပါတယ်..။ဒီကောင်လေးနဲ့ပါတ်
သတ်ပြီးအသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီလင့်လေး မှာသွားကြည့်လိုက်ပါ..သုံးချင်တဲ့သူတွေကတော့
အောက်ကလင့်လေးမှာသာဒေါင်းလော့ချသွားလိုက်ပါ..
Download Here
Image Analyzer 1.33
ဒီကောင်လေးကတော့ကျွန်တော်တို့ဓာတ်ပုံတွေကို Professional ကျကျမဟုတ်ပေမယ့်အလင်းအမှောင်
မျက်နှာအရောင်စတဲ့အသေးစားပြင်ဆင်မှုလေးတွေကိုတော့ဆောင်ရွက်ပေးနိုင်မယ့်ကောင်လေးဖြစ်ပါ
တယ်..။ဒီကောင်လေးနဲ့ပါတ်သတ်ပြီးအသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီလင့်လေး မှာသွားကြည့်လိုက်
ပါ..။လိုအပ်တဲ့သူများကတော့အောက်ကလင့်လေးမှာသာဒေါင်းလော့ချသွားလိုက်ပါ..။
Download Here
PaintStarv2.70 |
ဒီကောင်လေးကတော့ကျွန်တော်တို့ပုံတွေကိုပြင်တဲ့ Tool လေးတစ်ခုပါပဲ..။ကျွန်တော်တို့အကြောင်းအရာ
တစ်ခုကိုရှင်းပြလို့ပုံတွေနဲ့ရှင်းပြမယ်ဆိုရင်ဘယ်နေရာလေးကိုတော့ Capture ဖမ်းမယ်..ဘယ်နေရာမှာတော့
စာရေးမယ်..ဆိုသလိုပဲဒီကောင်လေးကိုလဲအဲ့လိုနေရာမျိုးတွေမှာသုံးနိုင်ပါတယ်..ကျွန်တော်ကအကြမ်းမျဉ်း
ပြောပြတာပါ..။တစ်ခြားသုံလို့ရတာတွေလဲရှိအုံးမှာပါ..။ဒီကောင်လေးနဲ့ပါတ်သတ်ပြီးအသေးစိတ်သိချင်သေး
တယ်ဆိုရင်တော့ ဒီလင့်လေး ကနေသွားကြည့်လိုက်ပါ..။လိုအပ်တဲ့သူများကတော့အောက်ကလင့်လေး
ကနေသာဒေါင်းလော့ချသွားလိုက်ပါ...။
Download Here
AbiWord 2.9.1 Beta
ဒီကောင်လေးကတော့အခြေအနေအကြောင်းကြောင်းကြောင့် Microsoft Office ကိုမသုံးနိုင်တဲ့သူများ
အတွက် Word File တွေကိုဖွင့်ဖို့အခက်အခဲဖြစ်နေတဲ့အချိန်မှာဒီကောင်လေးကိုသုံးပြီးအလွယ်တကူ
ပဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်..။9 MB ပဲရှိတဲ့အတွက်ပေါ့ပေါ့ပါးပါးနဲ့အသုံးပြုလို့ရမှာလဲဖြစ်ပါတယ်..။
Microsoft Word အတွက်တော့ကောင်းကောင်းအစားထိုးပြီးအသုံးပြုလို့ရပါတယ်..။Feature တွေမစုံ
တာကလွဲလို့ကျန်တဲ့စာစီစရိုက်နဲ့လိုတာတွေပြင်ချင်တယ်ဆိုရင်တော့ Microsoft Office မရှိလဲဒီကောင်
လေးနဲ့အလွယ်တကူဆောင်ရွက်နိုင်မှာဖြစ်ပါတယ်...ဒီကောင်လေးနဲ့ပါတ်သတ်ပြီးပြည့်ပြည့်စုံစုံလေးသိ
ချင်သေးတယ်ဆိုရင်တော့ ဒီလင့်လေး မှာသွားပြီးလေ့လာလို့ရပါတယ်..။
Download Here
အားလုံးပဲအဆင်ပြေကြပါစေ...ကျေးဇူးတင်ပါတယ်ခင်ဗျာ...
0 /မှတ်ချက်ပေးခဲ့တယ်:
Post a Comment
သင် ရေးခဲ့သောစာတစ်ကြောင်း ရေးသားသူမှာအားအင်များဖြစ်ထွန်းရပါတယ်...
ဆက်သွယ်လိုပါက whiteheartcity.blogger@gmail.com