'

Featured Posts

ငွေလဲနူန်းတွေတွက်မယ်

ကျွန်တော် ၏ Blogger ဆိုဒ်ကလေးပြုပြင်ဆဲကာလဖြစ်ပါသောကြောင့် လိုအပ်တာများ လုပ်မရသောအရာများ ရှိပါက sl.northerstar@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်...ခင်ဗျာ....

Saturday, April 28, 2012

သီချင်းအိမ် ဆိုက်လေး နှင့် တွေ့ ဆုံ မေး မြန်း ချက် ... (အင်တာဗျူး)


သီချင်းအိမ် ဆိုက် လေး နှင့် တွေ့ ဆုံ မေး မြန်း ချက် အင် တာ ဗျူး အ စီ အစဉ် - www.nayzawlin1.com - သီချင်းအိမ် ဆိုက် လေး နှင့် တွေ့ ဆုံ မေး မြန်း ချက် အင် တာ ဗျူး အ စီ အစဉ် www.nayzawlin1.com - ဆက်လက်၍ ကောင်းနိုးရာရာ ဆိုက်လေးများကို အင်တာဗျူး အစီအစဉ်များ ဖြင့် တင် ဆက် ပေး ပါ မည်။ www.nayzawlin1.com

သံစဉ်များကို နှစ်သက်သူ သီချင်းများကို မြတ်နိုးတဲ့ ကျွန်တော်ရဲ့ဆိုက်လေးကို အလည်လာကြတဲ့ သီချင်းချစ်သူ မိတ်ဆွေများ အတွက် ဒီတစ်ခါ သီချင်းလေးတွေ အမြဲတမ်း တင်ပေးနေသူ သီချင်းလေးတွေနဲ့ပက်သက်ပြီး အကူအညီပေး နေတဲ့သီချင်းအိမ် ဆိုတဲ့ ဆိုက်လေးနဲ့မိတ်ဆက် ပေးပါရစေဗျာ ........

ဒီ ဆိုက်လေးက သီချင်းလေးတွေကို စုစည်းပြီး သီချင်း ဝါသနာ ပါသောမိတ်ဆွေများ အတွက် ကာရာအိုကေ သီချင်းကို တတ်နိုင် သလောက်စုစည်းပြီး တင်ဆက်ပေး လျှက်ရှိပါတယ်။ သီချင်းအိမ် ဆိုက်လေးကိုတည်ထောင်သော ကိုနေလင်းထွန်းနဲ့ တွေ့ဆုံပြီး ကျွန်တော် သိချင်တာလေး တွေကို ဒီလို တွေဆုံ မေးဖြစ်ခဲ့ပါတယ်။


Hello ! မင်္ဂလာညနေခင်းလေးပါ ခင်ဗျား ...
အစ်ကိုရဲ့ ဆိုက်လေးက အရမ်းလှတယ်နော် ...

ဟုတ်ကဲ့ မင်္ဂလာညနေခင်းပါ။ ကျေးဇူးတင်ပါတယ် အခုလို
ဆိုဒ်လေးကိုလှတယ်လို့  ချီးကျူးတဲ့အတွက် .... ပါ ....

မေး - ကျွန်တော် အစ်ကိုရဲ့ သီချင်းအိမ် ဆိုက်လေးနဲ့ အင်တာဗျူး လုပ်ချင်လို့ ကျွန်တော်ကို အချိန်နည်းနည်း လောက်ပေး ပါလားခင်ဗျား ....
ဟုတ်ကဲ့ပါဗျာ ....
မေး - ဟုတ်ကဲ့ ကျေးဇူးပါတယ် ခင်ဗျား ... စမေးပြီနော် အစ်ကို အစ်ကိုရဲ့ဆိုက်လေးကို စတင်ပြုလုပ်ခဲ့တဲ့ နေ့ရက်လေးတွေကို ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျား။

သြော် .... ဟုတ်ကဲ့ ... ကျွန်တော် ဆိုဒ်ကို 10/04/2010 မှာ R-ဇာနည်ရဲ့ ဟန်နေ သီချင်းနဲ့ ပထမ ဆုံး စာမျက်နှာကို စတင် လုပ်ဖြစ်ခဲ့ပါတယ်။

မေး - အစ်ကိုအနေနဲ့ သီချင်းအိမ် ဆိုတဲ့ ဆိုက်နာမည်လေးကို ဘယ်လို စိတ်ကူးလေးနဲ့ ပေးဖြစ်ခဲ့ပါလဲ။

အဲ့ဒါက ကျွန်တော့်သူငယ်ချင်းလည်းဖြစ် နောက်ပြီး ဒီဆိုဒ်ရဲ့ အမျိုးသမီး တေးသံရှင် သီချင်းတွေကိုတင်ပေးနေတဲ့ အက်ဒမင်နောက် တစ်ယောက်ဖြစ်သူ (cry cupid) နဲ့ တိုင်ပင်ပြီး ဒီနာမည်လေးကို ရွေးဖြစ်ခဲ့တာပါ။ သီချင်းတွေရဲ့စုဝေးရာ အိမ်လေးတခု တည်ဆောက်မယ်ဆိုတဲ့ အဓိပါယ်လေးလည်း ပေါ်လွင်အောင်လို့ ရွေးဖြစ်ခဲ့တာပါ။

မေး - သံစဉ်လေးတွေ သီချင်းလေးတွေနဲ့ ပက်သက်ပြီး အစ်ကိုရင်ထဲက အမှတ်တစ်ခုခုခံစားချက်လေး တစ်ခုခုကို ပြောပြပေးပါလား ခင်ဗျား။

ဟုတ် ... ကျွန်တော်က သီချင်းလည်းရေးတယ်လေ .... ဒါကြောင့် ကိုယ်တင်လိုက်တဲ့သီချင်းတိုင်းကို သံစဉ်၊စာသား အကုန်သေသေချာချာ နားထောင်ခံစားပြီးမှတင်တာပါ။ ဒါကြောင့် သီချင်းတိုင်းကို တလေးတစား ရှာဖွေ တင်ဆက်ပေးနေတာပါ။ အနုပညာအလုပ်တခုလုပ်နေတယ်လို့ ပဲ ကိုယ်ကို ကိုယ်ခံ ယူပြီး ဒီဆိုဒ်လေးကို လုပ်နေပါတယ်။

မေး - ဒီလိုပေါ့နော် ... သီချင်းလေးတွေ ကို နားထောင်ရော သီချင်းလေးတွေကို မျှဝေတာရော ဝါသနာ ပါတယ်နော် ....

ဒါပေါ့ဗျာ ...ကိုယ်နားထောင်ရသလို နားထောင်ချင်နေတဲ့လူတိုင်းကိုလည်း လွယ်လွယ်ကူကူ ရှာဖွေလို့ ရစေချင်တာပေါ့။

မေး - ဟုတ်ကဲ့ ... ဒီလို သီချင်းလေးတွေ ဘယ်လို (update) တယ်ဆိုတာ လည်း ပြောပြပေးစေချင်ပါတယ်။

ဟုတ် ... ကျွန်တော်တစ်နေ့ ကို အနည်းဆုံး ၃ ပုဒ်ကနေ ၄ ပုဒ်အထိ တင်ဖြစ်ပါတယ် ကျွန်တော့်မှာ ရှိတဲ့အခွေတွေကနေ လည်းတင်ပါတယ် နောက်ပြီး အင်တာနက်ပေါ် ကနေလည်း Update ဖြစ်မယ့် သီချင်းလေးတွေလည်းရှာဖွေပြီးတင်ပေးပါတယ်။ အခု ကျွန်တော်မြန်မာပြည်ကနေ နောက်ဆုံးထွက် သမျှအခွေတွေ မှာထားတယ် အဲ့ဒါတွေရောက်မှ အားရပါးရတင်ပေးရဦးမယ်။


မေး - ဒါဆို အစ်ကိုက တကယ့်ကို ကြီုးစားပြီး လုပ်ဆောင်နေတာပေါ့ခင်ဗျား။

ဟုတ် ... ကြိုးစားပြီးလုပ်ပေးနေမိတာကတော့ ဒီလိုခင်ဗျ ကျွန်တော်သီချင်းတွေ အင်တာနက်မှာ လိုက်ရှာကြည့်တယ်။ တနေရာထဲမှာလိုချင်တာရှာတွေ့ဖို့ ဆိုတာမလွယ်ဘူးခင်ဗျ။ ဒါကြောင့် တနေရာထဲမှာ သီချင်းအကုန်မဟုတ်တောင်တော် တော်များများ ရှိတဲ့ဆိုဒ်လေးဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ကလေးကြောင့်ပါ။

မေး - ဟုတ်ကဲ့ ပါ ... အစ်ကိုရဲ့ စိတ်ဓာတ်လေးကို လေးစားမိပါတယ်။

ဟုတ်ကဲ့ .... ခင်ဗျာ .........

မေး - ဒီဆိုက်လေးက သီချင်းလေးတွေ တင်ဆက်ပေးနေတာဆိုတော့ အစ်ကိုရဲ့ ဆိုက်လေးရဲ့ Video သီချင်းလေးတွေက ဘယ်လိုမျိုး အားသာချက် လေးတွေ ရှိတယ်ဆိုတာ သိချင်ပါတယ်။

အားသာချက်ကတော့ အွန်လိုင်းပေါ်မှာ တခါထဲကာရာအိုကေ သီဆိုနိုင်တာပါ အဲ့ဒီအတွက် ကျွန်တော် သီချင်းတစ်ပုဒ်တင်ရင် နှစ်ပုဒ်စာအချိန်ပေးတင်ရပါတယ် နောက်ပြီးကာရာအိုကေဖြစ်သွားအောင် vocal အသံကို ဖျောက်ပြစ်ရတဲ့ အလုပ်တခုကလည်း ပိုပါသေးတယ်ခင်ဗျ။ အဲ့လိုလုပ်ပေးနေရတာကိုလည်း ကျေနပ်နေ မိပါတယ်။

မေး - ဟုတ်ကဲ့ ဒီလိုဆိုတော့ သီချင်းဆိုဝါသနာ ပါသော မိတ်ဆွေများအတွက် အဆင်ပြေတာပေါ့ခင်ဗျား။

ဒါပေါ့ ... သီချင်းဝါသနာပါတဲ့သူတစ်ယောက်ကျွန်တော့်ဆိုဒ်မှာ သူလိုချင်တဲ့ သီချင်းတစ်ပုဒ် လောက်ရသွားရင်ပဲ ကျွန်တော်ပင် ပန်းရကြိုးနပ်ပါတယ်။

မေး - အစ်ကိုဆိုက်မှာ video ပဲတင်တာလား Mp3 တွေ ထပ်တင်ဖို့ အစီအစဉ်ရှိလား ......

ဟုတ်ကဲ့ Mp3 တင်ရင်တော့ကျွန်တော် နောက်ထပ်ဆိုဒ်ခွဲတစ်ခု ထပ်လုပ်ပြီးပဲ တင်ဖို့  စိတ်ကူးထားတယ်
ခင်ဗျာ ...

မေး - ဟုတ်ကဲ့ ကောင်းပါတယ်ခင်ဗျား .... နောက် ကျွန်တော် သိချင်တာက ဒီဆိုက်လေးကို ဘယ်လိုမျိုး စိတ်ကူး ရည်ရွှယ်ချက် အတွေးလေးနဲ့ အကောင်အထည် ဖော်ခဲ့လဲဆိုတာ စာဖတ်သူတွေကို ပြောပြပေးဦးခင်ဗျား။

စိတ်ကူးလေးကတော့ ကာရာအိုကေဆိုမယ့်သူတွေကို အွန်လိုင်းကနေ ဖိတ်ခေါ်မယ်ပေါ့ နောက်ပြီး သူတို့ဆိုထားတဲ့အသံဖိုင်ကို ကျွန်တော့်ဆီပို့ပေးရင် ကျွန်တော်က မူရင်းဗီစီဒီ ကာရာအိုကေမှာ သရုပ်ဆောင်ထားတဲ့အရုပ်နဲ့ ပြန်တွဲပြီး နောက်ထပ်ဝါသနာရှင် ကဏ္ဍ Label လေးခွဲပြီးပြန်တင် ပေးမယ်ပေါ့နော် လုပ်ချင်တဲ့စိတ်ကူးက အဲ့ဒီအထိပါ။

ဒါပေမယ့် လောလောဆယ်တော့ အဲ့လိုမျိုး အခြေအနေအထိ ဖြစ်အောင် မလုပ်နိုင်သေးပါဘူး လုပ်ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်ခင်ဗျ။

မေး - ဒီလိုမျိုး စိတ်ကူးအတွေးလေးတွေ ရှိတယ်ဆိုတော့ အစ်ကိုအနေနဲ့ပေါ့... ဒီအချိန်မှာ ဘယ်လောက် အတိုင်းအတာ တစ်ခုခု လောက်အောင်မြင်နေပြီလဲ ဆိုတာ ဖြေကြားပေးစေ လိုပါတယ်ခင်ဗျာ။

ဒီအချိန်မှာတော့ အောင်မြင်မှု သိပ်ရှိနေပြီလို့ မယူဆသေးဘူးခင်ဗျ။ ဘာဖြစ်လို့ လည်းဆိုတော့ လာလည်ကျတဲ့သီချင်းချစ်သူ ပရိတ်သတ်တွေထက် ကျွန်တော်တင်ထားတဲ့ သီချင်းကလည်း သိပ်ပြီး မစုံလင်သေး ဘူးလေ သီချင်းအရေအတွက် ကလည်း နည်းပါသေးတယ်။

အခုမှ 618 ပဲတင်ပြီးပါသေးတယ်။ ဒီတော့ အောင်မြင်မူဆိုတာ ကိုယ်တင် တဲ့သီချင်းရဲ့ အရေအတွက်နဲ့ ကွာလတီအပေါ်မှာပဲ မူတည်မယ်လို့ ထင်ပါတယ်နော် ....


မေး - ဟုတ်ကဲ့ပါခင်ဗျား ... ဒါလည်း အဓိကပါဝင်တာပေါ့ဗျ။ အစ်ကိုက သီချင်းလေးတွေ ဆိုက်မှာ တင်ပေးနေတယ်ဆိုတော့ သီချင်းကို ဘယ်လိုဘယ်ပုံလေးတွေ (Update) လုပ်တယ်ဆိုတာ ပြောပြပေးနော်.....

Update လုပ်တာကတော့ အွန်လိုင်းကနေပဲ ရှာရတာရှိသလို အခွေတွေလည်း လက်လှမ်းမှီသလောက်ဝယ်ပြီးတင်ပါတယ်။ အခုလောလောဆယ်တော့ တင်ဖို့ အခွေတွေတော်တော်များများ ကျန်ပါသေးတယ်။ ဒါကြောင့် တနေတနေ့  အချိန်ရသလောက်သီချင်းတွေပဲ ထိုင်တင်ဖြစ်နေတာတခါတလေ တနေ့ ကို ၇ ပုဒ် ၈ပုဒ် တင်ဖြစ်သွားလို့ပြန်တောင် အရှိန်သတ် ယူနေရတယ်။ ကျွန်တော်က လောဘကြီးတယ်ဗျ၊ ကိုယ်ပေးစရာရှိရင် လည်းအလောတကြီးကိုပေးချင်နေတော့တာ ...

မေး - အခုလို ဆိုက်လေးအပေါ်မှာ စေတနာထားပြီး လုပ်ဆောင်နေတယ်ဆိုတော့ အစ်ကို အနေနဲ့ရော တစ်ခြား ကိစ္စလေးတွေမှာ အဆင်ပြေရဲ့လား ခင်ဗျား ....

ပြေပါတယ်ခင်ဗျ ဘာမှအခက်အခဲမရှိပါဘူး ဒါကလည်း ကျွန်တော်နဲ့ အတူအလုပ်တစ်ဘက်နဲ့ အချိန်လုပြီးအမျိုးသမီးတေးသံရှင်သီချင်းတွေကို တင်ပေးနေတဲ့ (cry cupid) ရဲ့ ပင်ပန်းမူကိုမျှဝေ ယူပေးတဲ့ ကျေးဇူးကြောင့် လည်းပါပါတယ်။

တဆက်ထဲ ဒီနေရာကနေ အက်ဒမင်နောက်တယောက်ဖြစ်တဲ့ သူငယ်ချင်း (cry cupid)ကို လည်းကျေးဇူး အထူးတင်ကြောင်း ပြောကြားချင်ပါတယ် ခင်ဗျာ။


မေး - ဟုတ်ကဲ့ ... အခုနောက်ထပ် ကျွန်တော်မေး ချင်တာက အစ်ကိုအနေနဲ့ ပေါ့နော် ဒီ သီချင်းအိမ်ဆိုက်လေးကို ဘယ်လောက်အထိ လုပ်ဆောင်မယ် ဘယ်လိုဆက်ကြီုးစားမလဲဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါဦး။

ဟုတ်ကဲ့ ... တတ်နိုင်တာထက် ပိုပြီး တော့ကို ကြိုးစားနေမှာပါ ရင်ထဲက ခံစားမိတဲ့သီချင်းတွေ မကုန်ခမ်းသ၍ပေါ့နော် ဘယ်တော့မှကုန်မယ်လို့ လည်း မထင်မိပါဘူး ကျွန်တော်က သီချင်းတွေကို ချစ်တာလေ ....

မေး - သီချင်း ဝါသနာပါသူ တစ်ယောက်အနေနဲ့ ကိုယ်ဝါသနာ ပါတာကို လုပ်ဆောင်ရတယ်ဆိုတော့အစ်ကို အနေနဲ့ စိတ်ပျော်နေမယ်လို့ ထင်ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်နေရတာ ဆိုတော့အစ်ကိုရဲ့ စိတ်ခံစားမှုလေးကို စာဖတ် သူများသိအောင် ပြောပြပေးပါခင်ဗျား။

ကျွန်တော့်ရဲ့စိတ်ခံစားမူက သီချင်းတစ်ပုဒ်တင်ပြီးသွားတိုင်းကျေနပ်မူတခါ ဖြစ်တယ် ဒီတော့ တစ်နေ့ ကို ကျေနပ်မူပီတိတွေအကြိမ်ကြိမ် အခါအခါဖြစ် ရတာပေါ့နောက်ပြီး အလည်လာသူသူငယ်ချင်းတွေ တွေ့ ရတဲ့အခါ ကျွန်တော့် ရဲ့ပီတိ ကို ဝမ်းသာပျော်ရွှင်မှု တွေနဲ့ ပေါင်းစပ် သွားစေပါတယ် .....

စာဖတ်သူ ညီအစ်ကိုမောင်နှမ များကိုလည်း ကျွန်တော့်ဆိုဒ်လေးနဲ့ ပါတ်သတ်ပြီး အားမနာတမ်း ဝေဖန်အကြံပေးနိုင်ပါတယ်လို့ ပြောပါရစေ။


မေး - ဒီ ... သီချင်းအိမ် ဆိုက်လေးနဲ့ ပက်သက်ပြီးတော့ အမှတ်တရ လေး တစ်ခုခု ရှိရင် ပေးပြပေးပါလား။

ဟုတ် ... အမှတ်တရလေးတခုပြောရရင် ကျွန်တော် သီချင်းတင်နေရင်းနဲ့ အရမ်းကျေနပ်ခံစားမိခဲ့တဲ့သီချင်းလေး ၂ ပုဒ်ရှိခဲ့ပါတယ် အဲ့ဒီသီချင်းတွေကတော့ (ခင်ဝမ်း ရဲ့ ဧရာဝတီ ) နဲ့ ( ထူးအိမ်သင် ရဲ့ ရာဇဝင်များရဲ့ သတို့ သမီးပါ) အဲ့ဒီသီချင်း ၂ ပုဒ်တင်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်ရင်ထဲမှာ
ကျေနပ်သွားတဲ့ခံစားမူက တခြားသီချင်းတွေ တင်ပြီးသွားတဲ့အချိန်က ထက် ပိုပြီး မှတ်မှတ်ရရ ရှိနေလို့ ပါ။

မေး - ဒါဆို ဒီသီချင်းလေးတွေက အစ်ကိုရဲ့ အမှတ်တရပေါ့နော် အစ်ကို ........

ဟုတ်ကဲ့ ... အမှန်ပါပဲ ခင်ဗျ သီချင်းတွေ ကို ကိုယ်တိုင်ဖန်တီးနိုင်အောင် လည်းကြိုးစားနေပါတယ်။ ဒါကြောင့် သီချင်းဟာ ကျွန်တော့်ဘဝရဲ့ အချိန်တိုင်း လိုလို ကိုဖြစ်နေတာပါ။

မေး - အစ်ကို့ အနေနဲ့ဗျာ .. ဒီလို သီချင်း ဆိုက်လေးကို လုပ်ဆောင်နေတယ်ဆိုတော့ အစ်ကိုရဲ့ ခံယူချက် စိတ်ဓာတ်လေးကို သိပါရစေဗျာ ....

ကျွန်တော့်ရဲ့ ခံယူချက်ကတော့ အင်တာနက်ပေါ်မှာကျွန်တော့်ရဲ့ လုပ်ဆောင်ချက်လေးတခုခန်းခန်းနားနားကြီးတော့မဟုတ်ပါဘူး အဝေးရောက်မြန်မာ မိတ်ဆွေတွေအတွက် လိုအပ်ချက်ကို တစ်ခန်းတစ်နေရာစာကနေ ဝင်ရောက်ဖြည့်စည်း ပေးချင်တဲ့ဆန္ဒပါ။

အဲ ... ရယ်စရာပြောရရင်တော့ ကျွန်တော်လည်း ဘလော့တစ်မျက်နှာစာ ဝင်ရူပ်ကြည့်တာ ပေါ့ နော် (ရယ်လျှက်) အင်တာနက်ပင်လယ်ကြီးထဲကို ဘလော့ လှေငယ်လေးတစ်စီး ဆွဲပြီးထွက်ခဲ့တယ်ပေါ့ လှိုင်းတံပိုးတွေတော့ အခုထိမတွေ့ ရသေးပါဘူး ........


မေး - ဟုတ်ကဲ့ပါခင်ဗျား ... ဒီ သီချင်းအိမ် ဆိုက်လေးက သီချင်းတွေကို ဘယ်လိုမျိုးတွေ ခွဲခြားပြီး တင်ပေးပါသလဲ။

အဆိုတော် ရဲ့ နာမည်တွေ နဲ့ ပဲ Label ခွဲပြီးတင်ပေးပါတယ် စုံတွဲတေးတွေကိုတော့ စုံတွဲသီချင်းများဆိုတဲ့ Label အောက်မှာ တွဲဆိုထားတဲ့ အဆိုတော် ၂ ယောက်ရဲ့ နာမည်နဲ့ ဖော်ပြပေးထားပါတယ်။

မေး - အစ်ကိုရဲ့ စိတ်ကူးအတွေးလေးတွေ ကောင်းပါတယ်။ အစ်ကိုပေါ့နော် သီချင်းတွေ တင်တဲ့အခါမှာ ဘယ်လိုမျိုး သီချင်း အမျိုးအစားကို ဘယ်လိုမျိုး ခွဲခြားပြီး တင်ပေးတာလား။ ဥပမာဗျာ .... သီချင်းတစ်ဗုဒ်ဟာ လူကြီး အကြိုက်လား ဒါမှမဟုတ် လူငယ်တွေအကြိုက်လားပေါ့ဗျာ ...

အဓိက တင်ဖြစ်တာတော့ လူငယ် ,လူလတ်ပိုင်းအကြိုက်ပေါ့ Rock ,Alternative ,Metal , Slow Rock နဲ့  Classic လေးတွေလည်းတင်ပါတယ် Jazz လည်းပါပါတယ်။ Blues တွေထဲမှာလည်း မြန်မာ Blues သီချင်းတွေရှိ သလောက်တင်ထားပါတယ်။

မေး - Rock ,Alternative ,Metal , Slow Rock , Classi , Jazz ဒီလိုတွေတင်ပေး တယ်ဆိုတော့လူငယ်တွေအကြိုက်ပေါ့ဗျာ... ဒါနဲ့ အစ်ကိုက ဘယ်လိုမျိုး သံဇဉ်တွေ သီချင်းလေးတွေနှစ်သက်တယ် နားထောင်တတ်တယ် ဆိုတာ သိပါရစေ။

ကျွန်တော်အကြိုက်ဆုံး ဂီတလိုင်းကတော့ Blues ပါ။ ဒါပေမယ့် နားထောင်တာကတော့ Rock, Aaernative, Metal,slow Rock, Jazz,c lassic အဲ့ဒါတွေအကုန်နားထောင်တယ် ခံစားလို့ ရတဲ့သီချင်းတိုင်းက နားထောင်ရမယ့် သီချင်းတွေဖြစ်လာတာပေါ့။

မေး - ဟုတ်ကဲ့ပါ .... သီချင်းတွေကို နားထောင်တဲ့ လူတွေကပေါ့နော် ... သူတို့ လိုချင်တဲ့ သီချင်းလေးတွေ လာတောင်းတဲ့အခါမှာ အစ်ကို့ အနေနဲ့ ဘယ်လိုမျိုး အဆင်ပြေအောင် ကူညီပေး ဝန်ဆောင်မှု လေးတွေ ဘယ်လို ပြုလုပ်ဆောင်ရွှက် ပေးတယ်ဆိုတာ ပြောပြပေးပါနော် ....

သီချင်းတောင်းလာတဲ့အခါ ကျွန်တော့်မှာအခွေရှိနေရင် ချက်ခြင်းတင်ပေးပါတယ် အခွေအဆင်သင့်မရှိရင်
တော့ သူငယ်ချင်းတွေကိုလည်း လှမ်းပြီးဝိုင်းရှာခိုင်းရတာပေါ့ အင်တာနက်ထဲမှာလည်း မွှေနှောက်ရတာပေါ့။

အဲ့လိုဆို မတွေ့ မခြင်းခေါင်းကို မဖော်တော့ဘူး သီချင်းတွေ တောင်းဆိုလာရင်ဝမ်းသာတယ် တင်ပေးလိုက်နိုင်ရင်ပိုပြီး ကျေနပ်သွားတယ်လေ။ သီချင်းတောင်းဆိုရင်တော့ သီချင်း နာမည်နဲ့အဆိုတော် နာမည်ပါ ထည့်ပြောပြီးတောင်းဆိုပေးရင်တော့ ပိုအဆင်ပြေပါတယ်တောင်းဆိုကြဖို့ ကိုလည်း ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

မေး - ဒီလို ကူညီပေးတယ်ဆိုတော့ သီချင်းချစ်သူ မိတ်ဆွေတွေအတွက် အဆင်ပြေတာပေါ့ခင်ဗျား။ နောက်ထပ်လေ အစ်ကို့ရဲ့ ဒီ သီချင်းအိမ် ဆိုက်လေးမှာ ဘယ်လိုများထပ်ပြီး ကြိုးစား လုပ်ဆောင်မယ် ဘယ်လိုမျိုးအစီအစဉ်တွေ ထပ်လုပ်မယ် ဆိုတာလေး သိချင်ပါတယ်။

ကျွန်တော်တို့ ဆိုဒ်လေးက သိပ်ပြီးကျဉ်းကြပ်နေတော့ နောက်ထပ်အစီအစဉ် ထပ်မထည့်တော့ပါဘူး သီချင်းတွေပဲ ဒီထက်စုံလင်အောင် တင်သွားဖို့ ပဲရှိပါတယ် တကယ်လို့ သီချင်းသီဆိုပြီး အသံဖိုင်တွေ ပို့ လာမယ့် ဝါနာရှင်တွေ ရှိလာရင် တော့ နောက်ထပ်ဆိုဒ်လေး တခုထပ်လုပ်ပြီး အခုလက်ရှိဆိုဒ်ရဲ့ ဆိုဒ်ခွဲတခုအနေနဲ့  လင့် ချိတ်ထားပေး ပြီးသက်သက် ခွဲထုတ်ပြီးလုပ်သွားမှာပါ ခင်ဗျ .......

မေး - စိတ်ကူးလေးတွေ ကောင်းပါတယ်ခင်ဗျား။ အခုလို ဒီလိုပေါ့နော်.... သီချင်းဆိုက်လေးကို ဝါသနာအရ လုပ်ထားတယ်ဆိုတော့ အစ်ကိုအနေနဲ့ အကျိုးအမြတ် ရလဒ် တစ်ခုခုကဘာလဲ ဘယ်လိုမျှော်မှန်းချက်တွေ ရှိလဲဆိုတာလေး ကို စာဖတ်သူတွေ သိအောင် ဖြေကြားပေး စေလိုပါတယ်ခင်ဗျား။

ကျွန်တော်အမျှော်လင့်ဆုံးကတော့ သီချင်းရှာဖွေနေသူတွေ လွယ်လင့်တကူ ကျွန်တော့်ဆိုဒ်ကိုတွေ့ ရှိပြီး လိုချင်တဲ့သီချင်းနားဆင်ခံစားနိုင်ဖို့ ကို အမျှော်လင့်ဆုံးပါ အကျိုးအမြတ်ရလဒ်ကတော့ ကျွန်တော်သီချင်းတွေနဲ့ အမြဲနီးစပ်နေမူကြောင့် ကျွန်တော်ဖြစ်ချင်တဲ့ တေးရေး သမားတစ်ယောက်ဖြစ်ဖို့ ဒီ ရလဒ်လေး ကိုပဲ တောင့်တ ပါတယ် ခင်ဗျား ........


မေး - ဟုတ်ကဲ့ .... ပါ .... အခု နောက်ဆုံး အနေနဲ့ အစ်ကိုရဲ့ ဆိုက်လေးနဲ့ ပက်သက်ပြီးတော့ သီချင်းချစ်သူ မိတ်ဆွေများကို တစ်ခုခုကို ဘာများ ပြောချင် ပါလဲခင်ဗျား။

ဟုတ်ကဲ့ ....... ကျွန်တော့် အနေနဲ့  ပြောချင်တာကတော့ ကျွန်တော့် ဆိုဒ်လေးက သီချင်းတွေကို လာရောက်နားဆင်ခံစားပေးကြတဲ့ တေးသီချင်း ချစ်သူများအားလုံးကို ကျေးဇူးတင် ပါကြောင်းပါ။

သီချင်းချစ်သူ မိတ်ဆွေများ လိုချင်တဲ့သီချင်းများကို အားမနာတမ်းတောင်းဆိုနိုင်ပါ ကြောင်းကိုပြောချင်ပါတယ်။ နောက်ပြီး အချိန်မအားလပ်တဲ့ကြားက ကျွန်တော့်ဆိုဒ် လေးအကြောင်းကို တနေကုန် အချိန်ပေးပြီး အပင်ပန်းခံ အင်တာဗျူး လာတဲ့ ကိုနေဇော် ကိုလည်း အထူး အမှတ်တရကျေးဇူးတင်နေပါမယ် ဆိုတဲ့အကြောင်းလေး ပြောပါရစေခင်ဗျာ ...


ဟုတ်ကဲ့ပါခင်ဗျား ..... အခုလို ကျွန်တော်မေးသမျှတွေကို စိတ်ရှည်ရှည် ဖြေကြားသော သီချင်းအိမ် ဆိုက်လေးမှ ကို နေလင်းထွန်း ကို ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျား ....

ဟုတ်ကဲ့ ....
ကျွန်တော်ကလည်း သီချင်းအိမ်ကိုယ်စား ကျေးဇူး တင်လျက် ပါခင်ဗျာ။

အစ်ကိုရဲ့ဆိုက်လေး အရင်ထက်ပိုပြီး အဆင်ပြေ အောင်မြင်ပါစေဗျာ ....... ကောင်းသော ညလေး ဖြစ်ပါစေ ခင်ဗျာ ....

ဟုတ်ကဲ့ ပါ မင်္ဂလာည တစ်ညပါပဲ ခင်ဗျာ

ဒီလောက်ဆို စာဖတ်သူ မိတ်ဆွေများလည်း သိချင်တာ လေးတွေ ပြည့်စုံပြီပေါ့ ... ကဲ ... ပါဗျာ.. စာဖတ်သူ မိတ်ဆွေများ လည်း ပျင်းနေရော့ပေါ့နော် ... သီချင်းအိမ် လေးကို အလည်သွားရအောင် ....
သီချင်းအိမ် ဆိုက်လေးမှာ သီချင်းလေးတွေ နားထောင်ရင်းနဲ့
လိုချင်တဲ့ သီချင်း လေးတွေ သွားတောင်း ရအောင်ပါ။

http://karaoke-mic.blogspot.com/

ဆက်လက် ကြိုးစား လျှက်

0 /မှတ်ချက်ပေးခဲ့တယ်:

Post a Comment

သင် ရေးခဲ့သောစာတစ်ကြောင်း ရေးသားသူမှာအားအင်များဖြစ်ထွန်းရပါတယ်...
ဆက်သွယ်လိုပါက whiteheartcity.blogger@gmail.com

ကျွန်တော် ၏ Blogger ဆိုဒ်ကလေးကိုရောက်လာသူအပေါင်းအားလုံး ကိုယ်စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့၏ပါစေလိုဆုမွန်ကောင်း တောင်းလိုက်ပါတယ် လိုအပ်ချက်များ နှင့်အကူအညီများရှိပါကwhiteheartcity.blogger@gmail.com သို့ ဆက်သွယ်အကြံပေး မေးမြန်းနိုင်ပါသည်
နာမည် ဆက်သွယ်ရန် EMAIL
ကြယ်လေး whiteheartcity.blogger@gmail.com sl.northernstar@gmail.com sorkyibel@gmail.com
ကျွန်တော် ၏ Blogger ဆိုဒ်ကလေးတွင် မိမိတို့၏Flash Soungများကိုတင်ပြလိုပါ အထက်ဖော်ပြအကောက်များ ကိုဆက်သွယ်နိုင်ပါသည်ခင်ဗျာ...