'

Featured Posts

ငွေလဲနူန်းတွေတွက်မယ်

ကျွန်တော် ၏ Blogger ဆိုဒ်ကလေးပြုပြင်ဆဲကာလဖြစ်ပါသောကြောင့် လိုအပ်တာများ လုပ်မရသောအရာများ ရှိပါက sl.northerstar@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်...ခင်ဗျာ....

Monday, May 14, 2012

Gtalk Custom Massage အလန်းများစုစည်းမှု (1)

ဒီ တစ်ခါ ကျွန်တော် အကြိုက်ဆုံး Gtalk Custom Massage အလန်းလေးတွေ စုစည်းပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်ဗျာ။

Massage (1)
ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသည့်
သူငယ်ချင်းများ အလိုရှိပါသည်။

Massage (2)
(တစ်) ယောက်တည်းကိုပဲ ချစ်တယ်။
(နှစ်) ယောက်မရှိတဲ့ အချစ်မျိုးနဲ့ပေါ့။
(သုံး) နေကျစကား မဟုတ်ဘူးနော်။
(လေး) လေးနက်နက်နဲ့ကို ချစ်တာပါကွာ။
(ငါး) ဆူမြောက်ဘုရား ပွင့်တဲ့အထိလည်း ချစ်နေဦးမှာပါ။
(ခြောက်) ကပ်နေတဲ့ ကိုယ့်ဘ၀ထဲမှာ
(ခုနစ်) ရက်ပတ်လုံး လွမ်းနေရလို့
(ရှစ်) ခိုးတဲ့ အချိန်လေးမှာတောင် သတိရမိနေပါတယ်
(ကိုး) ကွယ်တာကလည်း အချစ်မှ အချစ်တစ်ခုတည်းပါ။
(တစ်ဆယ်) တစ်ဆယ်ကမ္ဘာ ချစ်သွားမယ်ဆိုတာကို ယုံကြည်ပေးလိုက်ပါကွာ။

Massage (3)
အချစ်ဆိုတာ...
သိပ်နူးညံ့ပြီး ဆန်းကြယ်တယ်
တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါ
အဲဒီခံစားမှုက ဘာနဲ့မှ မတူဘူး။
သူ့မျက်နှာကို နောက်ဆုံးမြင်ယောင်ပြီးမှ အိပ်စက်ခြင်းကို
ရောက်သလို သူ့မျက်နှာကို အရင်ဆုံးသတိရပြီးမှ နိုးထတဲ့အဖြစ်ဟာ
အချစ်မှာပဲ ရှိတယ်။

Massage (4)
သင်ဟာ ငြိမ်းချမ်းနေတယ်။
ပျော်ရွှင်နေတယ်။
ကြည်လင်ရွှင်လန်းနေတယ်။
ကိုယ်ချစ်တဲ့ အလုပ်ကို လုပ်နေတယ်ဆိုရင်
သင်ဟာ အောင်မြင်နေတဲ့သူပါ။

Massage (5)
မြင်တိုင်း လာလာ Add ကြပြီး မေးတော့ မဖြေချင်ကြဘူး။
ဘယ်သူလဲလို့ မေးရင် လူလေ လူလေနဲ့
ဒီမှာဟေ့ကောင်..... ဘယ်တိရစ္ဆာန်မှ Online မတက်ဘူးကွ။
မေးတာ မကျေနပ်ရင် Block သာလုပ်လိုက် ၀မ်းမနည်းဘူး။
လူပါးလာမဝနဲ့။

Massage (6)
ကျလိုက်တဲ့ ကွန်နက်ရှင်း
စိတ်ဓာတ်နဲ့ အပြိုင်ပါပဲလား။

Massage (7)
သတိ... နတ်ကြီးသည်။
ဂွကြီးကြီးနှင့် ကျပ်ပါ။
မကျပ်တတ်လျှင် နတ်ပြုံးမည်။
နတ်ပြုံးလျှင် ပြန်ရယ်ပြလိုက်ပါ။

Massage (8)
အကြောင်းမညီညွတ်လို့ နှာခေါင်းဆီဆွတ်ကာ
ဘောင်းဘီချွတ်ပြီး ဒီစကားကို ပြောလိုက်ပါတယ်။
စိတ်မဆိုးပါနဲ့.....ရင်လဲ ခုန်မသွားပါနဲ့.....ဖင်လဲတုန်မသွားပါနဲ့
မင်းကို ကိုယ် ခင်ချင်ပါတယ်။

Massage (9)
အဆင်ပြေလို့ စိတ်ချမ်းသာနေတာ မဟုတ်ဘူး။
စိတ်ချမ်းသာလို့ အဆင်ပြေနေတာ။

Massage (10)
Inter Net Connection တွေကောင်းတဲ့နေ့ကျမှ
မင်းကို ချစ်တယ်လို့ ရဲရဲကြီးဖွင့်ပြောပါ့မယ်နော်
ခုတော့ Connection ကောင်းတဲ့အထိစောင့်ပေးပါနော်။
ကဲ သူငယ်ချင်းတွေ အားလုံး ဒီနေ့တော့ ဒီလောက်ပါပဲဗျာ။နောက်နေ့တွေ ကျွန်တော် ဒီလို Custom Massage အလန်းလေးတွေ ထပ်တင်ပေးပါ့မယ်ဗျာ။သူငယ်ချင်းတွေ ဖတ်ဖူးပြီးသားဆိုရင်လဲထပ်ပြီးအားပေးသွားပါဦးဗျာ။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ပါစေနော်။
ကြိုးစားလျက်.....!

0 /မှတ်ချက်ပေးခဲ့တယ်:

Post a Comment

သင် ရေးခဲ့သောစာတစ်ကြောင်း ရေးသားသူမှာအားအင်များဖြစ်ထွန်းရပါတယ်...
ဆက်သွယ်လိုပါက whiteheartcity.blogger@gmail.com

ကျွန်တော် ၏ Blogger ဆိုဒ်ကလေးကိုရောက်လာသူအပေါင်းအားလုံး ကိုယ်စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့၏ပါစေလိုဆုမွန်ကောင်း တောင်းလိုက်ပါတယ် လိုအပ်ချက်များ နှင့်အကူအညီများရှိပါကwhiteheartcity.blogger@gmail.com သို့ ဆက်သွယ်အကြံပေး မေးမြန်းနိုင်ပါသည်
နာမည် ဆက်သွယ်ရန် EMAIL
ကြယ်လေး whiteheartcity.blogger@gmail.com sl.northernstar@gmail.com sorkyibel@gmail.com
ကျွန်တော် ၏ Blogger ဆိုဒ်ကလေးတွင် မိမိတို့၏Flash Soungများကိုတင်ပြလိုပါ အထက်ဖော်ပြအကောက်များ ကိုဆက်သွယ်နိုင်ပါသည်ခင်ဗျာ...